Homeသတင်းရေးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ရေးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

-

မွန်ပြည်နယ်၊ ရေးမြို့ အောင်မေတ္တာရပ်ကွက်နှင့် ရွှေပြည်သာရပ်ကွက်အကြားရှိ ရော်ဘာခြံတစ်ခုတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းကျေရွာနေ အသက် ၃၅ နှစ်အရွယ် ဦးအောင်သူထွန်း(ခ) ငကျိုးဆိုသူသည် အောင်မေတ္တာရပ်ကွက်နှင့် ရွှေပြည်သာရပ်ကွက်အကြားရှိ ရော်ဘာခြံတစ်ခုတွင် ကြိုးဆွဲချသေဆုံးနေသည်ကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က တွေ့ရှိခဲ့သည်ဟု ဆိုသည်။

“သူက အိမ်ကနေ ထွက်သွားတာ ၁၀ ရက်လောက်ရှိပြီး။ ရွှေပြည်သာနဲ့ အောင်မေတ္တာအစပ် ရော်ဘာခြံတစ်ခုက တဲထဲမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆွဲကြိုးချထားတဲ့ အနေအထားပေါ့နော် အလောင်းကပုပ်ပွနေပြီး။ အဲနားကို ဖြတ်သွားတဲ့ လူတစ်ယောက်က တွေ့လို့ သတင်းပေးလို့ မနက်က (အလောင်း) သွားသယ်တာ” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒေသခံတို့၏ပြောဆိုချက်အရ ဦးအောင်သူထွန်သည် ကျုံလောင်ရွာဟောင်း နေအိမ်ကနေ ခြေဦးတည့်ရာ လျှောက်သွားနေသူတစ်ဦး ဖြစ်သည်။

ကြိုးဆွဲချသေဆုံးမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက လာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ရုပ်လောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ရေးမြို့ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း ဧပြီလမှ ဇွန်လ ၂၃ ရက်နေ့အထိ အမျိုးသမီးတစ်ဦးအပါအဝင် ၄ ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts