Homeသတင်းမြန်မာစစ်ကောင်စီအပေါ် ဖိအားပိုပေးဖို့ အာဆီယံကို ကုလအထူးကိုယ်စားလှယ် ပြောဆို

မြန်မာစစ်ကောင်စီအပေါ် ဖိအားပိုပေးဖို့ အာဆီယံကို ကုလအထူးကိုယ်စားလှယ် ပြောဆို

-

မြန်မာနိုင်ငံ၏ ပြဿနာကို ပြတ်တ်သားသား ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြင်းထန်လျှက်ရှိပြီး အာဆီယံအနေဖြင့် မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ကြရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် “တော်မတ်အင်ဒရူ” Tomas Andrew က ပြောဆိုခဲ့ကြောင်း သိရသည်။

အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး မြန်မာစစ်ကောင်စီ၏ လုပ်ရပ်အားလုံးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ နှုတ်ဆိတ်နေသည့်အတွက်ကြောင့် ၎င်းတို့က ပြည်သူလူထုအပေါ် ထပ်ပြီး အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ထပ်ပြောသည်။

ထို့ကြောင့် အာဆီယံအနေဖြင့် မြန်မာစစ်ကောင်စီကို လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံ မကျူးလွန်စေဖို့ ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ရမယ်လို့လည်း Tomas Andrew က ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomas Andrew ကတော့ “မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆိုးဝါးနေပါတယ်။ ဒီအတိုင်းသာ ဆက်ထားခဲ့မယ်ဆိုရင် ပြည်သူလူထုတွေ ပိုပြီး ဒုက္ခရောက်သွားနိုင်တယ်” ဟု ပြောသည်။

မြန်မာ့စစ်ကောင်စီသည် အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို သဘောတူညီခဲ့သော်လည်း မည်သည့်အချက်ကိုမျှ အကောင်အထည် မဖော်နိုင်ခဲ့သည့်အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ တိတ်ဆိတ်နေသည်ကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောဆိုရှုတ်ချခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံတနိုင်ငံ၏ ဖြစ်ပျက်နေသည့် ပြဿနာအကြောင်းအရာများကို အခြားအဖွဲ့ဝင်နိုင်ငံတွေက ဝင်ရောက်ပြောဆိုနိုင်ခြင်းမရှိပေ။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကြားမှာလည်း အမြင်အမျိုးမျိုးကွဲပြားလျက်ရှိသည်။

ထို့ကြောင့် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ ဝင်ရောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် ထိုင်းအစိုးရက ဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts