spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမုဒုံမြိုနယ် ကမာဝက်အထက်တန်းကျောင်းရှေ့ မိုင်းပေါက် ပြည်သူစစ် တစ်ဦး သေဆုံး

    မုဒုံမြိုနယ် ကမာဝက်အထက်တန်းကျောင်းရှေ့ မိုင်းပေါက် ပြည်သူစစ် တစ်ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ လုံခြုံရေးကင်းတဲတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ့စစ် တစ်ဦး သေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံက သိရသည်။

    ဇွန် ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကမာဝက်မြို့ အထက်တန်းကျောင်းရှေ့ရှိ လုံခြုံရေးကင်းတဲ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းလုံခြုံရေးယူပေးနေသည့် ပြည်သူစစ်အဖွဲ့ဝင် ဦးမျိုးလွင်နှင့် ဦးတင်လှိုင်တို့ ၂ ဦး ထိမှန်သွားခဲ့သည်။

    “ကျောင်းလွှတ်ခါနီးလေးပဲ။ ပေါက်ကွဲမှုဖြစ်ပြီး နည်းနည်းကြာ‌တော့မှ ကျောင်းကို လွှတ်ပေးလိုက်တယ်။ တဲထဲက နှစ်ယောက်ပဲ ထိတာပေါ့” ဟု ကမာဝက်မြို့ခံတစ်ဦးက ပြောသည်။

    ပေါက်ကွဲမှုကြောင့် ကင်းတဲတွင် ရှိနေသည် ဦးမျိုးလွင်သည် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာနှင့် ယာဘက် ဒူး‌ခေါင်းအရိုးကျိုး ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။

    ဦးတင်လှိုင်မှာ ဝဲဘက်နားထင် အရေပြား ပေါက်ပြဲဒဏ်ရာနှင့် လက်ဝဲလက်ယာ လက်ချောင်း အရေပြားစုတ်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

    လုံခြံရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက “တဲအောက်မှာ မီးလောင်ထားတဲ့ ကြွပ်ကြွပ်အိတ်အမဲရောင်ရယ် သံတိုသံစလေးတွေရယ်တွေ့ရတယ်။ လက်လုပ်မိုင်းလို့ပဲ ယူဆထားတယ်” ဟု ပြောသည်။

    ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကမာဝက်မြို့အတွင်းနှင့် မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးပေါ်တွင် ပိတ်ဆို့ကာ စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ကမာဝက်မြို့ အထက်တန်းကျောင်းရှေ့ မိုင်းပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သူတို့က မည်သည့်အကြောင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks