Tuesday, March 10, 2026
More
    spot_img
    Homeသတင်းပန်းသပိတ်ဆင်နွှဲခဲ့သည်ဆိုပြီး မော်လမြိုင်က ပန်းပျိုးပင်အရောင်းဆိုင်တစ်ဆိုင် ချိတ်ပိတ်ခံရ

    ပန်းသပိတ်ဆင်နွှဲခဲ့သည်ဆိုပြီး မော်လမြိုင်က ပန်းပျိုးပင်အရောင်းဆိုင်တစ်ဆိုင် ချိတ်ပိတ်ခံရ

    -

    ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲခဲ့သည်ဆိုပြီး မော်လမြိုင်မြို့ပေါ်က ပန်းပျိုးဥယျာဥ် အရောင်းဆိုင်တစ်ဆိုင် ချိတ်ပိတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

    မော်လမြိုင်၊ ရွှေမြိုင်သီရီရပ်ကွက် လမုတန်းဈေးလမ်းရှိ သစ်ခွမင်းသမီး ပျိုးဥယျာဉ်ဆိုင်တွင် ဇွန်လ ၁၉ ရက် နံနက်ပိုင်းက ပန်းလာဝယ်သူများပြားနေရာမှ ဆိုင်ရှင်က ပန်းများအား အခမဲ့ဝေငှပေးခဲ့သည်ဟု ရပ်ကွက်နေပြည်သူတို့ထံမှ သိရသည်။

    “အစောပိုင်းကတော့ ပန်းတွေရောင်းနေတာဘဲ။ နောက်ပိုင်းမှ ပန်းဖိုးမပေးနဲ့တော့။ ပန်းတွေကို အလကားယူကြပါလို့ဘဲ ပြောခဲ့တာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

    ထိုအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ဆင်နွှဲနေကြသည်ဟုဆိုကာ ဆိုင်ရှင်အမျိုးသမီးအပါအဝင် ပန်းလာဝယ်သူ စုစုပေါင်း ၉ ဦးခန့်ကို ဇေယျာသီရိနယ်မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

    “အသိတစ်ယောက်က ဘုရားတင်ဖို့ ပန်းဝယ်‌နေတဲ့အချိန်မှာ ရဲတွေ၊ စစ်သားတွေရောက်လာပြီး ဖမ်းဆီးတာခံလိုက်ရတယ်။ နောက်သူတို့ကို ဇေယျာသီရိရဲစခန်းကိုခေါ်သွားတယ်။ ရဲစခန်းရောက်တော့ အချုပ်ခန်းထဲတော့ မထည့်ဘူးလို့ပြောတယ်။ စခန်းထဲမှာ ဘဲနေကြရတယ်ပေါ့။ နောက်မှ လူကြီးတွေရောက်လာပြီးတော့ ဆုံးမဩဝါဒစကားတွေပြောတယ်တဲ့။ နောက်မလုပ်ဖို့၊ ဒါမျိုးတွေမှာ မပါဝင်ကြဖို့ပြောတယ်။ နောက်တစ်ကြိမ် ဒါမျိုးလုပ်လို့ ဖမ်းဆီးခံရရင် ပြင်းထန်စွာ အရေးယူခံရမယ်ပြောတယ်။ ပြီးတော့ ခံဝန်သဘောမျိုး လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဖမ်းဆီးခံခဲ့ရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    သစ်ခွမင်းသမီး ပျိုးဥယျာဉ်ဆိုင်ပိုင်ရှင် အမျိုးသမီးကိုတော့ ဆက်လက်ထိန်းသိမ်းထားပြီး ဆိုင်ကိုလည်း ချိတ်ပိတ်ထားသည်ဟု လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကလေး အစရှိသည့် တိုင်းနှင့် ပြည်နယ်အချို့တို့တွင် ပန်းသပိတ်ဆင်နွှဲခဲ့ကြသည်။

    ဇွန်လ ၁၉ ရက်နေ့တွင် ပန်းပန်သူတွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့သည့်အပြင် ပန်းပန်ထားသည့်ဓာတ်ကို လူမှုကွန်ယက်စာမျက်နှာပေါ် ဖြန့်ဝေခဲ့သည့် အနုပညာရှင်အချို့လည်း ဖမ်းဆီးခံခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks