Sunday, March 16, 2025
spot_img
Homeသတင်းပေါင်တွင် ရပ်ထားသည့်ကားကို ၆ ဘီးကားဝင်တိုက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

ပေါင်တွင် ရပ်ထားသည့်ကားကို ၆ ဘီးကားဝင်တိုက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

-

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်၊ ဘုံကျောင်းပိုင်း၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် ရပ်ထားသည့်ကားကို ၆ ဘီးကားမှ ဝင်တိုက်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကဒါရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် သထုံမြို့ဘက်မှ မော်လမြိုင်ဘက်သို့  ယာဥ်မောင်း ဝဏ္ဏထူးမောင်းနှင်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းလာသည့် NISSAN VENETTE ကားသည် ကွမ်းဝယ်ရန်အတွင် လမ်းယာဘက်‌ဘေးတွင် ရပ်ထားခဲ့သည်။

ထိုစဥ် မော်လမြိုင်မှ သထုံမြို့ဘက်သို့ နေလင်စိုး မောင်းနှင်သည့် ၆ ဘီးကားသည် ရပ်ထားသည့်ကားအနောက်ဘက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အနောက်ကနေ အရှိန်ဝင်တိုက်တာ ကားအနောက်မှာ ထိုင်နေတဲ အမျိုးသမီး ကားပေါ်က ပြုတ်ကျပြီး ပွဲချင်းပြီး ဆုံးသွားတယ်”ဟု ၎င်းက ပြောသည်။

ယာဉ်တိုက်မှုကြောင့် အမျိုးသမီးဖြစ်သူမှာ ဦးခေါင်းကွဲကြေကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးမှာလည်း ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

သေဆုံး အမျိုးသမီးရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် ပေါင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး မော်တော်ယာဥ်ကို မဆင်မခြင် မောင်းနှင်သူ နေလင်းစိုးကို အမှုဖွင့်အရေးယူရန် ပေါင်မြို့မရဲစခန်းမှ စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
33,500SubscribersSubscribe
spot_img

Latest posts