Homeသတင်းဘီးလင်း မြေယာစီမံကိန်းရုံး မိုင်းဖောက်ခွဲခံရ

ဘီးလင်း မြေယာစီမံကိန်းရုံး မိုင်းဖောက်ခွဲခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စုအတွင်းရှိ အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံး မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

တောင်စွန်းကျေးရွာအုပ်စု၊ ရွှေကန်နောင်‌ရပ်ကွက်ရှိ အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးတွင် ဇွန်လ ၁၈ ရက်နေ့ ညက ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံတို့က ဆိုသည်။

“ရုံးအဆောက်အဦးတော့ ပျက်ဆီးသွားတယ်။ လူထိခိုက်တာတော့ မရှိဘူးလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မြေယာစီမံကိန်းရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာတို့မှ ရုံးအတွင်း ဝင်ရောက်ရှင်လင်းခဲ့ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၃ လုံး ထပ်မံတွေ့ရှိရပြီး အသက်မဲ့အောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးသည် ယခုတကြိမ်အပါအဝင် ၃ ကြိမ်မြောက် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည် ဧပြီလအတွင်းကလည်း ဘီးလင်းမြို့ ကန်သာယာရပ်ကွက်ရှိ မြိုနယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts