Homeသတင်းကျိုက်ထို မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးရမိ

ကျိုက်ထို မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က အထောက်အထားမဲ့ ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

မရမ်းချောင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့ စစ်ဆေးရေးလုပ်ဆောင်နေစဥ် ရန်ကုန်ဘက်မှ မြဝတီဘက်သို့ ယာဉ်မောင်း မျိုးအောင် (ခ) ရွှေမြ (၃၂ နှစ်) မောင်းနှင်လာသည့် “ရတနာ” မော်တော်ယာဥ်ကို စစ်ဆေးရာတွင် ရိုဟင်များကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း လုံခြုံရေးနှင့် နီးစပ်သူတို့ထံမှ သိရသည်။  

“မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ဖြတ်ဖို့လုပ်တာ။ ကားပေါ်ရော ကားအောက်မှာပါ ရှာတဲ့အချိန် ကားအောက်ပိုင်းထဲမှာ ဖမ်းမိတာ” ဟု လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၆ ဦးတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ရိုဟင်ဂျာများကို ‌တင်ဆောင်လာသည့် ယာဥ်မောင်း မျိုးအောင် (ခ) ရွှေမြနှင့် အထောက်အထားမဲ့ ရိုဟင်ဂျာ ၆ ဦးကို တာဝန်ရှိသူတို့က စစ်ဆေးနေပြီး အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၃၆၀ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင်း တချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts