spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းဌာနဆိုင်ရာဝန်ထမ်းများ နယ်ကျော်ခရီးသွားပါက စကခ (၁၉) သို့ သတင်းပို့ရမည်

    ဌာနဆိုင်ရာဝန်ထမ်းများ နယ်ကျော်ခရီးသွားပါက စကခ (၁၉) သို့ သတင်းပို့ရမည်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ နယ်ကျော်ခရီးသွားလာပါက ရေးမြို့နယ် အခြေစိုက် အမှတ် (၁၉) စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်သို့ သတင်းပို့တင်ပြရမည်ဖြစ်ပြီး၊ ခွင့်ပြုချက်ရရှိမှသာ သွားလာရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများတက်ရောက်ခဲ့သည့် လုံခြုံရေးဆိုင်ရာအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီးနောက် စစ်ကောင်စီက ယခုလို ညွှန်ကြားလာခြင်းဖြစ်သည်။

    ညွှန်ကြားစာတွင် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများအနေဖြင့် ရေးမြို့မှ နယ်မြေကျော်ခရီးသွားလာရာတွင် လုံခြုံရေးအခြေအနေအရ တပ်နယ်မှူးရုံး အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၏ ခွင့်ပြုချက်ရရှိမှသာ ခရီးသွားလာရန် ခရိုင်အဆင့် ဌာနဆိုင်ရာအားလုံး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများအားလုံးကို ဇွန်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားစာပေးပို့ထားကြောင်း သိရသည်။

    “အဓိကက ‌KNU/KNLA တပ်မဟာ (၆) တပ်ရင်း (၂၇) က စာထုတ်ထားတဲ့ကိစ္စနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီးပြောကြားခဲ့တာတွေရှိခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ အခုလို ညွန်ကြားစာ ထုတ်တာလို့ ယူဆပါတယ်” ဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

    ရေးမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်တင်လာမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်လည်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

    ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် (၆) တပ်မဟာကလည်း ဇွန်လ ၁၅ ရက်နေ့မှစပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် အမှတ် ၈ လမ်းမကြီးတလျှောက်တွင် သွားလာနေသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များအနေဖြင့် KNLA မှ ရပ်တန့်သည့်အခါ ကြည်ဖြူစွာ ရပ်တန့်၍ အစစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်စေ တင်ဆောင်ခြင်း လုံးဝ မပြုလုပ်ရန်၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဥ်ပေါ်စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များအနေနှင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံရန် ထုတ်ပြန်ထားသည်။

    စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီ တပ်စခန်း၊ ဌာနဆိုင်ရာရုံးများလည်း မကြာခဏတိုက်ခိုက်ခံနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks