spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းမြေသြဇာ၊ အလုပ်သမားငှားရမ်းခစျေးကြီးလို့ စပါးစိုက်တောင်သူများ အခက်တွေ့

    မြေသြဇာ၊ အလုပ်သမားငှားရမ်းခစျေးကြီးလို့ စပါးစိုက်တောင်သူများ အခက်တွေ့

    -

    မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရန်အတွက် ဓာတ်မြေသြဇာ၊ အလုပ်သမားရှားပါးပြီး ငှားရမ်းခ စျေးကြီးသည့်အတွက် စပါးစိုက်တောင်သူများ အခက်အခဲကြုံတွေ့နေရသည်ဟု တောင်သူတို့ထံမှ သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းမြင့်တက်လာသည်နှင့်အတူ ဓာတ်မြေသြဇာ စျေးအဆမတန်မြင့်လာခြင်း၊ ပြည်ပထွက်အလုပ်လုပ်ကိုင်သူ များလာခြင်းကြောင့် အလုပ်သမားရှားပါးလာပြီး အလုပ်သမားငှားရမ်းခလည်း စျေးကြီးလာသည်ဟုဆိုသည်။

    ပြီးခဲ့သည့်နှစ်ကထက် ယခုနှစ်တွင် အလုပ်သမားရှာရခတ်ပြီး ငှားရမ်းခလည်း စျေးကြီးလာသည့်အတွက် စပါးစိုက်ပျိုးရန် ခက်ခဲနေသည်ဟု မုဒုံမှ လယ်သမားတစ်ဦးက ပြောသည်။

    “အလုပ်သမားကတော့ မနှစ်ကတော့ တစ်ယောက်ကို မိန်းကလေးဆို ၈ဝဝဝ နှင့် ၉ဝဝဝ အကြား ယာကျာ်းလေးဆို ၁၂၀၀၀ နဲ့ ငှားရတယ်။ ဒီနှစ်ကတော့ ၁၅၀၀၀ လောက်ဖြစ်သွားတယ်” ဟု ဆိုသည်။

    အလုပ်သမားငှားရခက်ခဲပြီး လုပ်အားခစျေးကြီးပေးရသည့်အတွက် အချို့တောင်သူတို့က စပါးကို စိုက်ပျိုးသည့်စနစ် အသုံးမပြုတော့ပဲ မျိုးကြဲသည့်စနစ်ကို ပြောင်းလဲလုပ်ကိုင်လာကြသည်ဟု တောင်သူတို့က ပြောသည်။

    ၎င်းပြင် ဓာတ်မြေသြဇာစျေးကြီးသည့်အတွက် စပါးစိုက်ခင်းများကို မြေသြဇာ လုံလုံလောက်လောက် မထည့်နိုင်တော့ဘူးလို့လည်း စပါးစိုက်တောင်သူတို့က ပြောသည်။

    “မနှစ်ကဆို ကျတော်တို့က မြေသြဇာကို အိတ်တွေအများကြီးမထည့်နိုင်ဘဲ ၅ အိတ်လောက်ပဲ ထည့်ဖြစ်တယ်။ တချို့တတ်နိုင်သူကကျ ထည့်နိုင်တော့ စပါး ပိုထွက်တာပေါ့” ဟု လယ် ၁၀ ဧကပိုင် တောင်သူတစ်ဦးက ပြောသည်။

    ယခုနှစ်တွင် စပါးစျေးကောင်းရခဲ့သော်လည်း အထွေထွေကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ မြေသြဇာ မထည့်နိုင်သည့်အတွက် စပါးအထွက်နည်းခြင်းတို့ကြောင့် စပါးစိုက်တောင်သူများ တွက်ခြေမကိုက်ကြဘူးလို့လည်း တောင်သူတို့က ပြောသည်။

    မွန်ပြည်နယ်တွင် ရာဘာပြီးလျှင် စပါးစိုက်ပျိုးခြင်းသည် ပြည်နယ်၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး မိုးစပါးကိုသာ အဓိကထား စိုက်ပျိုးကြသည်။

    မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုး ဧက ၇ သိန်းနီးပါးရှိပြီး စပါးကြမ်းအုပ်စုဝင် စပါး စိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းရှိကာ စပါးချောအုပ်စုဝင် စပါးစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းရှိသည်ဟု မွန်ပြည်နယ်စပါးကုန်သည်များအသင်းထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks