spot_img
Friday, May 17, 2024
More
    spot_img
    Homeသတင်းကရင်နီပြည် (လက်ရှိကယားပြည်နယ်) ကြားကာလ အုပ်ချုပ်ရေးကောင်စီနိုင်သည့်အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ သဝဏ်လွာပေးပို့

    ကရင်နီပြည် (လက်ရှိကယားပြည်နယ်) ကြားကာလ အုပ်ချုပ်ရေးကောင်စီနိုင်သည့်အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ သဝဏ်လွာပေးပို့

    -

    ယနေ့ ဇွန်လ ၁၂ ရက်တွင် ကရင်နီပြည် (လက်ရှိကယားပြည်နယ်) ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council) ကို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအရ ကရင်နီပြည်တွင် ပြည်နယ်အစိုးရတရပ်အဖြစ် ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် တရားဝင်ထုတ်ပြန်ကြေညာချက်ကို မွန်လူမျိုးနှင့် မွန်ပြည်နယ်မှ နိုင်ငံရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council – MSFC) မှ ဝမ်းမြောက်စွာ ကြိုဆိုကြောင်း သဝဏ်လွာတရပ် ပေးပို့ ခဲ့ပါသည်။

    ယနေ့ ထုတ်ပြန်သည့် ကရင်နီပြည် (လက်ရှိကယားပြည်နယ်) ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ကရင်နီပြည်နယ်တွင် မတူကွဲပြားသည့် တိုင်းရင်းသားအင်အားစုများ နိုင်ငံရေးအင်အားစုများကို စုစည်းထားသည့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC) မှ ဦးဆောင်ဖွဲ့ စည်းထားသည်။ ကရင်နီပြည် (လက်ရှိကယားပြည်နယ်) ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် ကရင်နီပြည်၏ ကြားကာလအစိုးရဖြစ်ပြီး လက်ရှိတော်လှန်ရေးကာလတွင် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ထမ်းဆောင်ရန်ဖြစ်ပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ဖက်ဒရယ်ယူနစ်တရပ်အဖြစ် အပြည့်အဝ ပါဝင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတို့ ၏ မိတ်ဆက်စာတွင် ရေးသားထားသည်။

    ကရင်နီပြည် (ကယားပြည်နယ်) တွင် ကရင်နီတိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဦးဆောင်ပြီး တော်လှန်တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် ၂၀၂၁ ဗမာစစ်တပ်မှ အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို ကရင်နီပြည်မှ လူငယ်အများစု တိုက်ခိုက်ပြီး နိုင်ငံရေးအရ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တွင် စုစည်းလာပြီး တော်လှန်ရေးတပ်အနေဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (Karenni Nationalities Defense Force – KNDF) တွင် စုစည်းခဲ့သည်။

    ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ မှ ပြောဆိုချက်အရ ကရင်နီပြည်နယ်အတွင်း ခြေစိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ များသည် ကရင်နီပြည်၏ (၇၀) ရာခိုင်နှုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်၏ အုပ်ချုပ်ရေးပျက်ပြားသွားပြီ ဖြစ်သည်။ ၎င်းပျက်ပြားသွားရန် အုပ်ချုပ်ရေးနေရာများတွင် အစားထိုးရန်အတွက် ယခုကဲ့သို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း ဖြစ်သည်ဟု မိတ်ဆက်စာတွင် ဖော်ပြထားပါသည်။

    ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ရည်ရွယ်ချက်များကား (၁) စုပေါင်းခေါင်းဆောင်မှုဖြင့် ကြားကာလ ပြည်နယ်အစိုးရ၏ ဖော်ဆောင်သွားရန် (၂) ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ အေးချမ်းတည်ငြိမ်ရေးကို ကြိုးပမ်းဖော်ဆောင်ရန်နှင့် (၃) ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

    ယနေ့ ဇွန်လ ၁၂ ရက်တွင် ကရင်နီပြည် (လက်ရှိကယားပြည်နယ်) ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council) ကို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအရ ကရင်နီပြည်တွင် ပြည်နယ်အစိုးရတရပ်အဖြစ် ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် တရားဝင်ထုတ်ပြန်ကြေညာချက်ကို မွန်လူမျိုးနှင့် မွန်ပြည်နယ်မှ နိုင်ငံရေးအင်အားစုများဖြင့် ဖွဲ့ စည်းထားသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council – MSFC) မှ ဝမ်းမြောက်စွာ ကြိုဆိုကြောင်း သဝဏ်လွာတရပ် ပေးပို့ ခဲ့ပါသည်။

    ယနေ့ ထုတ်ပြန်သည့် ကရင်နီပြည် (လက်ရှိကယားပြည်နယ်) ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ကရင်နီပြည်နယ်တွင် မတူကွဲပြားသည့် တိုင်းရင်းသားအင်အားစုများ နိုင်ငံရေးအင်အားစုများကို စုစည်းထားသည့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC) မှ ဦးဆောင်ဖွဲ့ စည်းထားသည်။ ကရင်နီပြည် (လက်ရှိကယားပြည်နယ်) ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် ကရင်နီပြည်၏ ကြားကာလအစိုးရဖြစ်ပြီး လက်ရှိတော်လှန်ရေးကာလတွင် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ထမ်းဆောင်ရန်ဖြစ်ပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ဖက်ဒရယ်ယူနစ်တရပ်အဖြစ် အပြည့်အဝ ပါဝင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတို့ ၏ မိတ်ဆက်စာတွင် ရေးသားထားသည်။

    ကရင်နီပြည် (ကယားပြည်နယ်) တွင် ကရင်နီတိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဦးဆောင်ပြီး တော်လှန်တိုက်ပွဲဝင်ခဲ့သည်။ သု့ိရာတွင် ၂၀၂၁ ဗမာစစ်တပ်မှ အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို ကရင်နီပြည်မှ လူငယ်အများစု တိုက်ခိုက်ပြီး နိုင်ငံရေးအရ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တွင် စုစည်းလာပြီး တော်လှန်ရေးတပ်အနေဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (Karenni Nationalities Defense Force – KNDF) တွင် စုစည်းခဲ့သည်။

    ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ မှ ပြောဆိုချက်အရ ကရင်နီပြည်နယ်အတွင်း ခြေစိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ များသည် ကရင်နီပြည်၏ (၇၀) ရာခိုင်နှုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်၏ အုပ်ချုပ်ရေးပျက်ပြားသွားပြီ ဖြစ်သည်။ ၎င်းပျက်ပြားသွားရန် အုပ်ချုပ်ရေးနေရာများတွင် အစားထိုးရန်အတွက် ယခုကဲ့သို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း ဖြစ်သည်ဟု မိတ်ဆက်စာတွင် ဖော်ပြထားပါသည်။

    ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ရည်ရွယ်ချက်များကား (၁) စုပေါင်းခေါင်းဆောင်မှုဖြင့် ကြားကာလ ပြည်နယ်အစိုးရ၏ ဖော်ဆောင်သွားရန် (၂) ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ အေးချမ်းတည်ငြိမ်ရေးကို ကြိုးပမ်းဖော်ဆောင်ရန်နှင့် (၃) ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖြစ်သည်ဟု ဖော်ပြထားသည်။  

    ကရင်နီပြည် (လက်ရှိကယားပြည်နယ်) ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဦးဆောင်သူ ခူးဦးရယ်

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,700SubscribersSubscribe
    spot_img

    Latest posts