spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ် လက်နက်ကြီးကျည်ကျကွဲပြီး နှစ်ကရင်ရွာသားတစ်ဦး ဒဏ်ရာရ

    စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကျကွဲပြီး နှစ်ကရင်ရွာသားတစ်ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ဖယ်ကျေးရွာရှိ စစ်ကောင်စီအမြောက်တပ် (၃၁၇) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ကရင်ရွာသားတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ အနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

    လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၆ နှစ်အရွယ် ကိုဂေါင်ကြီးဆိုသူ လက်နက်ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

    “လက်နက်ကြီးကျည်တစ်လုံးက ရပ်ကွက် ၅ လောလုံးကွင်းအနီးက ဦးစိုးနိုင် ဖွင့်လှစ်ထားတဲ့ဆိုင်ကယ်ပြင်ရုံအနားမှာ ကျပြီး ပေါက်ကွဲတော့ ဦးစိုးနိုင်ရဲ့ သားဖြစ်သူ ကိုဂေါင်ကြီး မှာ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာက စိုးရိမ်စရာတော့ မရှိဘူးလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၈ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ ရှိ တရုတ်သင်္ချိုင်းအနီးတွင် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ၊ နေအိမ် ၂ လုံးလည်း ပျက်ဆီးသွားခဲ့သည်။

    လက်ရှိတွင် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲနေခြင်းနှင့် ကျေးရွာအတွင်း အမည်မသိလက်နက်ကိုင်များ ရောက်ရှိလှုပ်ရှားနေကြောင်း သတင်းများထွက်ပေါ်နေသည့်အတွက် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြပြီး အချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်လည်းရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks