Homeသတင်းပုဂ္ဂလိက ကိုယ်ပိုင်းကျောင်းတက်သည့် ကျောင်းသားများလာ  

ပုဂ္ဂလိက ကိုယ်ပိုင်းကျောင်းတက်သည့် ကျောင်းသားများလာ  

-

မွန်ပြည်နယ်အတွင်း ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တွင် ပုဂ္ဂလိက ကိုယ်ပိုင်းအထက်တန်းကျောင်းသို့ ကျောင်းပြောင်းတက်သည့် ကျောင်းသား ကျောင်းသူ ပိုများလာကြောင်း ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူအချို့တို့ထံမှ သိရသည်။

အထူးသဖြင့် ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့် ဒေသက ပြောင်းရွှေ့လာသည့် ကျောင်းသား ကျောင်းသူ များလာကြောင်း မော်လမြိုင်မြို့ရှိ ကိုယ်ပိုင်းအထက်တန်းကျောင်းတစ်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျောင်းသားဦးရေးကတော့ Kg ကနေ Grade 12 အထိက ၃၅၀၊ ၄ဝဝ ဝန်ကျင်လောက်ရှိတယ်။ မနှစ်က ၃ဝဝ လောက်ရှိတယ်။ ဒီနှစ်က ပိုလာတယ်။ ရေးဘက်က လာတတ်တာများတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေတည်ငြိမ်မှုမရှိသည့် ရေးမြို့နယ်အတွင်းက ကျောင်းသားမိဘအများစုသည် ၎င်းတို့ သားသမီးများကို အခြားဒေသများသို့ ပြောင်းရွှေ့ပြီး ကျောင်းထားလာကြသည်။

ထိုသို့ ပြောင်းရွှေ့ရာတွင်လည်း အစိုးရကျောင်းထက် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများကို ပိုမိုရွေးချယ်လာကြကြောင်း ကျောင်းသားမိဘအချို့တို့ထံမှ သိရသည်။

“ဒီနှစ်က ကိုယ်ပိုင်းကျောင်းပြောင်းတတ်တာများတယ်။ ဒီနှစ် အထက်တန်းကျောင်းသားက ၇ ယောက်နဲ့ အလယ်တန်းကျောင်းသားက ၄ ယောက်တတ်တယ်၊ မနှစ်က ၇ ယောက်တတ်တယ်” ဟု ရေးမြို့နယ်အတွင်းက ကျောင်းသားမိဘတစ်ဦးက ပြောသည်။  

ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ကျောင်းပြောင်းရွှေ့ထားရာတွင် ကုန်ကျစရိတ်ကြီးမားသော်လည်း သားသမီးများ လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် ရုန်ကန်ပြီးထားကြရကြောင်း ရေးမြို့က ပဥ္စမတန်းကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ဒီလိုပေါ့ လုပ်လိုက် စားလိုက်ပေါ့ အဆင်ပြေရယ်လို့ မရှိဘူးလေး။ အခုကုန်စျေးနူန်းနဲ့က ပုံမှန်လည်ပတ်တဲ့ သဘောမျိုးပေါ့” ဟု ၎င်း ကျောင်းသားမိဘက ဆက်ပြောသည်။

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတက်စရိတ်သည် နဝမတန်းကျောင်းသားတစ်ဦးလျှင် နေစရိတ်၊ စားစရိတ်၊ ကျူရှင်စရိတ်အပါအဝင် တစ်နှစ်စာလျှင် ကျပ်သိန်း ၉၀ ဝန်းကျင်ခန့် ကုန်ကျသည်ဟု ကျောင်းသားမိဘတို့ထံမှ သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ကိုယ်ပိုင်းအထက်တန်းကျောင်း ၁၇ ကျောင်းထက်မနည်းရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts