Homeသတင်းလမိုင်းမြို့အနီးတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

လမိုင်းမြို့အနီးတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးကလွဲရွာအနီး ကြိုးတံတားချောင်းဘေးတွင် ဇွန်လ ၅ ရက် ဒေသခံ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က မော့ကနင်းကျေးရွာမှ အသက် ၂၄ နှစ်အရွယ် မင်းချမ်းမွန်နှင့် ဇနီးဖြစ်သူတို့ ခြံသွားရင်း ကြိုးတံတားချောင်းအနီးရှိ ခြံဝင်းတစ်ခုအတွင်း မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် မင်းချမ်းမွန်ခြေထောက်နှစ်ဖက်တွင် မိုင်းစထိမှန်ဒဏ်ရာရရှိပြီး အမျိုးသမီးဖြစ်သူမှာ ထိခိုက်ဒဏ်ရာမရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မိုင်းပေါက်တဲ့နေရာက သူတို့ခြံမဟုတ်ဘူး။ သူများခြံ သူတို့ခြံကအပေါ်ဘက်မှာ ဖြတ်သွားရင်းနဲ့ နင်းမိသွားတာ၊ သူတို့ လင်မယားနှစ်ယောက်။ အမျိုးသားက ထိသွားတယ်၊ အမျိုးသမီးကတော့ မထိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူကို လူမှုကူညီရေးအသင်းအကူအညီဖြင့် လမိုင်းဆေးရုံသို့ ပို့ဆောင်းပေးခဲ့ပြီး၊ ထိုမှတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲမှုဖြစ်ပွားနေသည့် ကြိုးတံတားချောင်းအနီးလမ်းသည် ဖြတ်လမ်းသဘောဖြစ်နေသည့်အတွက် တချို့များ ဖြတ်သန်းသွားလာကြရင်း မြေမြှုပ်မိုင်းနင်းမိသည်ဟု ဒေသခံတို့ ပြောကြားချက်များအရ သိရသည်။

အဆိုပါ ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဥ် ၂ ကြိမ်ဖြစ်ပွားခဲ့သည်။

အလားတူ ဖေဖေါ်ဝါရီလအတွင်းကလည်း ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီးတွင် ဒေသခံအမျိုးသား ၂ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts