spot_img
Monday, December 23, 2024
More
    spot_img
    Homeသတင်း“ထိခိုက်နစ်နာသူတိုင်းအတွက် တရားမျှတမှုရှိလာဖို့ မဖြစ်ဖြစ်အောင် လုပ်ဆောင်ပေးရမှာဖြစ်”

    “ထိခိုက်နစ်နာသူတိုင်းအတွက် တရားမျှတမှုရှိလာဖို့ မဖြစ်ဖြစ်အောင် လုပ်ဆောင်ပေးရမှာဖြစ်”

    -

    ကရင်လူအခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးနှင့် မေးမြန်းချက်

    မေး – လက်ရှိ ကရင်ပြည်နယ်အတွင်းက ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ အခွင့်အရေး အခြေအနေနှင့်ပတ်သက်ပြီး ဘယ်လိုပြောပြချင်ပါသလဲ။

    ဖြေ – လူ့အခွင့်အရေး အခြေအနေက အင်းမတန်းဆိုးရွားတယ်ပေါ့နော်၊ ဘာဖြစ်လဲဆိုလို့ရှိရင် တစ်အချက်ကကျတော့  စစ်ဘေးရှောင် ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ အခက်အခဲအခြေနေ အပေါ်မှာ ဆိုးရွားလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခြင်းခံနေရတာကို ကျွန်တော်တို့တွေ့နေရတယ်၊ ထိုနည်းတူပါပဲ၊ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုရပေမယ့်လည်း စစ်တပ်ရဲ့ ထိုးစစ်ဆင်ကြောင့်မို့လို့ နောက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မူတွေကြောင့် သူတို့ရဲ့ အသက် ရှင်သန်ခွင့်ကို ချိုးဖောက်ခံနေရတာရှိသလို အသက်မွေးဝမ်းကျောင်းပြုခွင့်လည်း ချိုးဖောက်ခံရတာကို ကျွန်တော်တို့တွေ့ရတယ်၊ ထိုနည်းတူပဲ ဒီလွတ်လပ်စွာ သွားလာနေထိုင်ခွင့်အပေါ်မှာလည်း ချိုးဖောက်ခံနေရတာကို ကျွန်တော်တို့မြင်တွေ့ရတာရှိပါတယ်။

    မေး – စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူလူထုတွေ ဘယ်လောက်လောက်ရှိပြီလဲ။

    ဖြေ – ဟုတ်ကဲ့၊ လူဦးရေအားဖြင့် လောလောဆယ်တော့ တိတိကျကျ ကျွန်တော်တို့ပြောလို့မရဘူး ပေါ့နော်၊ ဒါပေမယ့်လည်း ခန့်မှန်းခြေက အမြဲတမ်း ၆ သိန်းဝန်ကျင်လောက်တော့ ရှိမယ်။

    မေး – စစ်ဘေးရှောင်ပြည်သူတွေ အဓိကကြုံတွေ့နေရတဲ့အခက်အခဲနှင့် လိုအပ်ချက်တွက ဘာတွေဖြစ်မလဲ။

    ဖြေ – စစ်ဘေးရှောင်တွေထဲမှာတော့ အထူးသဖြင့် ကလေးသူငယ်၊ အမျိုးသမီး၊ ကိုယ်ဝန်သည်အမျိုး သမီးအပါအဝင် နောက် သက်ကြီးရွယ်အိုးတွေမှာက သာမာန်လူတန်းစားထက်တော့ အခက်ခဲတွေကို ပိုပြီးတော့ ကြုံတွေ့နေရတယ်။ အထူးသဖြင့် အသက်ကြီးရွယ်အိုးသူတွေအတွက်ဆိုလို့ရှိလျှင် အဓိက လိုအပ်တဲ့ အစားအာဟာရဓာတ်၊ ဆေးဝါး ကူးညီထောက်ပံ့မှုနဲ့ ကလေးသူငယ်တွေအတွက် ပညာရေးကိစ္စအပါအဝင် ကိုယ်ဝန်သည် မိခင်အမျိုးသမီးအနေနဲ့လည်းဘဲ အထူးကျန်းမာရေးလိုအပ်မှု အတွက် ကျန်းမာရေးအကူးအညီကိုလည်း အချိန်နဲ့တပြေးညီ ပြည့်စုံလုံးလောက်စွာ ရရှိနိုင်တာမျိုး မရှိဘူး၊ ဒါကြောင့် သူတို့ရဲ့ ရှင်သန်နေထိုင်မှုကတော့ သာမာန်လူတန်းစားထက်တော့ စစ်ဘေးရှောင်တွေမှာက ပိုပြီးတော့ ခက်ခဲနေတာကို ကျွန်တော်တို့မြင်တွေ့နေရတယ်။

    နောက် အခက်အခဲရှိတာကကျတော့  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူးအညီနှင့် ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ ပြည့်စုံလုံလောက်စွာ မရရှိနိုင်တဲ့ အခက်အခဲပေါ့။ ဘာလို့လဲဆိုရင် စစ်ဘေးရှောင်တွေက သတ်မှတ်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စုပြုံးပြီးနေတာမျိုး မဟုတ်ဘဲနဲ့ ကိုယ့်အစီစဥ်နဲ့ကိုယ် သူတို့သိတဲ့နေရာဒေသ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်တဲ့ လူတွေ အများအပြားရှိတယ်။ အဲဒီနေရာတွေမှာဆိုလို့ရှိရင် ကူးညီပေးတဲ့ အဖွဲ့တွေကနေ လက်လှမ်းမမှီ နိုင်တဲ့ အုပ်စုတွေကလည်း အများကြီးရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီလူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူးအညီကို ကူးညီပေးတဲ့ အဖွဲ့အစည်းတွေဆီကနေ မရရှိတဲ့စစ်ဘေးရှောင်တွေကလည်း အများအပြား ရှိနေတယ်ပေါ့။

    မေး – လက်ရှိ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG အနေနဲ့ကရော ဒီစစ်ဘေးရှောင်အရေးအတွက် ဘာတွေလုပ်ဆောင်ပေးနေတာရှိပါသလဲ။

    ဖြေ – လက်ရှိ ကျွန်တော်တို့ မြန်မာပြည် အရှေ့တောင်ပိုင်းမှာရှိတဲ့ ကရင်ပြည်နယ်အတွင်းမှာ လူ့အခွင့် ရေးအခြေအနေတွေကို ဆက်လက်ပြီးတော့မှ လက်လှမ်းမှီသလောက် အကောင်းဆုံး ကျွန်တော်တို့ မှတ်တမ်း ပြုစုတယ်။ ရရှိတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာအဆင့်သော်လည်း ကောင်း ကျွန်တော်တို့ တင်ပြတယ်။ ပြီးတော့ စစ်တပ်က ကျူးလွန်တဲ့ ဆိုးရွာတဲ့ လူ့အခွင့်ရေးချိုးဖောက် မူတွေ၊ စစ်ရာဇဝတ်မူတွေကို နိုင်ငံတကာရာဇဝတ်မှုတွေအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် ဆက်လက်ပြီးတော့မှ လုပ်ဆောင်နေပါတယ်။

    မေး – အဲဒီလိုလုပ်ဆောင်တဲ့အခါမှာ KHRG အနေနဲ့  ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ရတာရှိလဲ။

    ဖြေ – အဓိက,ကတော့ လုံခြုံရေးအခက်အခဲပေါ့၊ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကျွန်တော်တို့က ထိထိရောက်ရောက် မှတ်တမ်းပြုစုနိုင်စွမ်း မရှိဘူးပေါ့နော်၊ အောက်ခြေမှာကြတော့လည်း စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မူတွေ၊ လေကြောင်းတိုက်ခိုက်မူတွေလည်း ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ကျွန်တော်တို့ရဲ့လုံခြုံရေးဆိုင်ရာကို ကြီးမားတဲ့ အခက်အခဲ စိန်ခေါ်မှုအနေနဲ့ ကြုံတွေ့နေရတာပေါ့နော်၊ နောက်တစ်ခုကကျတော့ အင်တာနက်၊ အွန်လိုင်းပြတ်တောက်မှုတွေကြောင့် မြေပြင်က အချက် အလက်တွေကို အချိန်နဲ့တပြေးညီ ဆက်သွယ်ပေးပို့နိုင်စွမ်းမရှိဘူး။

    မေး – လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး တစ်ခြားဘာများ ဖြည့်စွက်ပြောချင်တာရှိပါသလဲ။

    ဖြေ – အဓိက,ကတော့ ကရင်ပြည်နယ်အတွင်းမှာဆိုလို့ရှိရင် ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့တိုင်း စစ်အာဏာရှင်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ကြုံတွေ့ခံစားလာရတာ နှစ်ပေါင်း (၇၀)ကျော်ပြီပေါ့၊ အခုလည်းပဲ တစ်နိုင်ငံလုံးအတိုင်းတာအရ စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ကြုံတွေ့ခံစားနေရတယ်။ ဆိုတော့ စစ်ကောင်စီကနေပြီးတော့မှ ကျုးလွန်နေတဲ့ ကြီးလေဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ကျွန်တော်တို့ တွေ့ရတယ်။ နောက် လူသားမျိုးနွယ်တွေအပေါ်မှာလည်း စစ်ရာဇဝတ်မှု ကျူးလွန်နေတာ တွေ့ရတယ်။ ဒီဟာတွေဆိုလို့ရှိရင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိလာဖို့ လိုတယ်။ သူတို့ရဲ့ကျူးလွန်မှုအပေါ်မှာလည်းပဲ အပြစ်ပေး အရေးယူမှုတွေ လုံးဝရှိလာရမယ်။ နောက်ပြီးတော့ ခေတ်အဆက်ဆက်က အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ကြုံတွေ့လာရတဲ့ ချိုးဖောက်မှုတွေ အတွက် တရားမျှတမှုရှိလာအောင် ကျွန်တော်တို့ကလည်း သက်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေကိုလည်းကောင်း၊ အဖွဲ့အစည်းအသီးသီးကနေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကြီးလေဆိုးရွားတဲ့ ချိုးဖောက်မှုအရပ်ရပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာဖို့အတွက် နိုင်ငံတကာအဆင့်မှာ ဆက်လက်လုပ်ဆောင်နေရတာပါ။ နိုင်ငံတကာအနေနဲ့လည်းပဲ ဒီဟာကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာဖို့အတွက်ကိုလည်းကောင်း၊ ထိခိုက်နစ်နာသူတိုင်းအတွက် တရားမျှတမူရှိလာဖို့အတွက်ကိုလည်းကောင်း သူတို့ (နိုင်ငံတကာ) က မဖြစ်ဖြစ်အောင်လုပ်ဆောင်ပေးရ မှာဖြစ်တယ်။ တကယ်လို့သာ ဒီပြစ်မှုတွေကို ကျူးလွန်တဲ့သူ (စစ်ကောင်စီ) က တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် ပြစ်မှုကျူးလွန်သူ (စစ်ကောင်စီ) တွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရအောင် လုပ်ဆောင်ပေးနေတာနဲ့ အတူတူပဲလို့ ကျွန်တော်တို့ပြောလို့ရတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,400SubscribersSubscribe
    spot_img

    Latest posts