spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းသဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေသူတွေကို ထိရောက်စွာအရေးယူပေးရန် KNF တောင်းဆို

    သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေသူတွေကို ထိရောက်စွာအရေးယူပေးရန် KNF တောင်းဆို

    -

    သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးအောင်လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်ကြီးများကို နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် (Kachin National Forum – KNF) က ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင်နေ့တွင် တောင်းဆိုလိုက်သည်။

    အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင်နေ့တွင် “Solutions to Plastic Pollution” ခေါင်းစဥ်ဖြင့် ကမ္ဘာတစ်ဝန်းတွင် အထိမ်းအမှတ်ပြုလုပ်နေကြသည့်အချိန်တွင် မြန်မာနိုင်ငံ နေရာအချို့တွင် သဘာဝပတ်ဝန်းကျင်၏ ဘေးအန္တရာယ်ဒုက္ခအမျိုးအမျိုးကို ခံစားနေရသည့်အချိန်ဖြစ်သည်ဟု ဆိုသည်။

    ပတ်ဝန်းကျင်တွင် တစ်နေ့ထက်တစ်နေ့ ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးမှု၊ သစ်တောပြုန်းတီးမှုများ၊ လေထုနှင့် ရေထုညစ်ညမ်းမှုနှင့် မြေဆီလွှာအဆိပ်သင့်မှု စသည့်အချက်ပြလက္ခဏာများ ဖြစ်ပေါ်လာသည့်အချိန်တွင် စစ်ကောင်စီ၊ တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို လျစ်လျူရှုပြီး ကိုယ်ကျိုးစီးပွားရေးကိုသာ ဉီးစားပေးလုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။

    သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရမည့်အချိန်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော မြေရှားသတ္တူတူးဖော်လုပ်ငန်းများ၊ ရွှေနှင့် ကျောက်စိမ်းဗရမ်းဗတာတူးခြင်း ၊ တရုတ်တစ်ရှုးငှက်ပျော်စိုက်ခင်းများနှင့် သစ်တောပြုန်းတီးမှုလုပ်ငန်းများ၊ အခြားသဘာဝသယံဇာတတူး‌ဖော်မှုလုပ်ငန်းများကို ကချင်ပြည်နယ်အတွင်း အလွန်အကျူးဆက်လက်ပြုလုပ်နေသည်ဟု (Kachin National Forum – KNF) က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks