spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရာမညတပ်ဖွဲ့ဝင် ၁ ဦး ချောင်းမြောင်း ပစ်သတ်ခံရ

    ရာမညတပ်ဖွဲ့ဝင် ၁ ဦး ချောင်းမြောင်း ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် မာန်အောင်ကျေးရွာအနီးတွင် ရာမညတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရာမညတပ်ဖွဲ့ထံမှ သိရသည်။

    မေလ ၃၀ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်က ရာမညတပ်တာဝန်ခံ နိုင်ချမ်းနှင့် တပ်ဖွဲ့ဝင် ၁ ဦးတို့က ဆိုင်ကယ်ဖြင့် ပစ္စည်းထွက်ဝယ်ချိန် မာန်အောင်ကျေးရွာအနီးရှိ တံတားငယ်တခုအရောက်တွင် ချောင်းမြောင်းပစ်ခတ်ခံရခြင်းဖြစ်သည်။

    ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် နိုင်ချမ်းနှင့်အတူ လိုက်ပါလာသည့် တပ်ဖွဲ့ဝင် သေဆုံးသွားကြောင်း ရာမညတပ်ထံမှ သိရသည်။

    “ကျွန်တော်တို့ ပစ္စည်းဆင်းဝယ်ချိန် ချောင်းမြောင်းပစ်ခတ်ခံရတာ။ မွန်လား ဘာလားဆိုတာမသိသေးဘူး။ အနီးကပ်ကို ပစ်ခံရတာ။ အဲတံတားမှာ သူတို့ ၄ ယောက် နေရာချထားတယ်။ သေနတ် ၃/၄ လက်နဲ့။ အရှေ့ဘက်ကရော အနောက်ဘက်ကရော ၄ ဖက်စလုံးကနေ ကျွန်တော့်ကို ပစ်တာ။ ဆိုင်ကယ်မှောက်သွားတော့ သူတို့အထင် ကျွန်တော်သေသွားပြီ” ဟု နိုင်ချမ်းက ပြောဆိုထားသည်။

    ထိုသို့ ပစ်ခတ်ခံရပြီးနောက် နိုင်ချမ်းဘက်က သေနတ်ငယ်ဖြင့် ပြန်လည်ပစ်ခဲ့သည့်အပြင် နိုင်ချမ်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့်အတွက်  သေနတ်သမားများ ထွက်ပြေးသွားသည်ဟုဆိုသည်။

    ရေးမြို့နယ် ရေး-ထားဝယ်ကားလမ်းအရှေ့ဘက်ခြမ်း မာန်အောင်ကျေးရွာအနီးဝန်းကျင်တွင် KNU ၊ PDF နှင့် ရာမညတပ်များ လှုပ်ရှားသွားလာနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks