spot_img
Sunday, June 1, 2025
More
    spot_img
    Homeသတင်းပြည်သူနှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းတော်လှန်မှ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မည်။ (ဆောင်းပါး)

    ပြည်သူနှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းတော်လှန်မှ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မည်။ (ဆောင်းပါး)

    -

    လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ များ၊ ပြည်သူလူထုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းလုပ်ဆောင် တော်လှန်နိုင်မှလျှင် စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး ဖြုတ်ချနိုင်မည်ဟု ပြည်သူ့ ကာကွယ်ရေး တော်လှန်ရေးအင်အားစုတို့က ပြောဆိုသည်။

    စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် အဓိက မောင်းနှင်အားမှာ ပြည်သူဖြစ်ကြောင်း၊ ပြည်သူကို အခြေပြု၍ တော်လှန်ရေး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “အဓိကတော့ အာဏာရှင် ဖြုတ်ချရေးအတွက် အဓိက မောင်းနှင်တဲ့အားက ပြည်သူလူထုပေါ့လေ၊ ကျနော်တို့ ပြည်သူလူထုကို အခြေပြုပြီးတော့ ကျနော်တို့ လုပ်နေရပါတယ်၊ ပြည်သူလူထုရဲ့ ထောက်ပံ့မှုတွေနဲ့ ဒီတော်လှန်ရေးကို ဆင်နွှဲနေကြတာပေါ့၊ ဆိုတော့ လူထုတွေ ဒီထက်ပိုပြီးတော့ စည်းလုံးကြမယ်၊ နောက်တစ်ခုက အရပ်ဖက်အဖွဲ့အစည်းတွေရောပေါ့နော်၊ အရပ်ဖက်အဖွဲ့အစည်းလည်း အရပ်ဖက်အဖွဲ့အစည်းအလျှောက် သူ့ကဏ္ဍအလိုက် ပိုပြီးတော့ စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ဒီတော်လှန်ရေးက ပြောပြောနေတဲ့ ဘယ်အချိန်က နောက်ဆုံးနှစ်၊ ဘယ်အချိန်က နောက်ဆုံးအချိန်ဆိုပြီး ပြောတာထက်ပေါ့ ပိုပြီး‌တော့ စောစောပြီးရင်လည်း ပြီးသွားနိုင်တယ်၊ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်တဲ့အခါမှာ မြန်မြန်လည်း ပြီးကောင်း ပြီးနိုင်တယ်ပေါ့၊ အဓိကတော့ လူထုရော၊ ခုနက ပြောတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရော သူ့ကဏ္ဍအလိုက်ပေါ့ ပိုပြီးတော့ စည်းစည်းလုံးလုံးနဲ့ အင်တိုက်အားတိုက် လုပ်နိုင်ရင်တော့ ပိုပြီးတော့မှ ထိရောက်တဲ့ တော်လှန်ရေးခရီးကို အမြန်ရောက်မယ်လို့ ပြောလိုတယ်ဗျ” ဟု ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဒီမိုကရေစီအင်အားစုများမှ ဆင်နွှဲလျက်ရှိနေသည်။

    ပထမဦးအစကာလတွင် လူငယ်များစွာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြရေးကိုသာ ဦးတည်နေခြင်း ဖြစ်ပါသည်။ သို့ရာတွင် စစ်ကောင်စီမှ တဖြည်းဖြည်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါသည်။ ဆန္ဒပြသည့် လမ်းမများပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရပ်ကွက်များရှိ လူနေအိမ်များသို့ ပစ်ခတ်ခြင်း၊ ဆန္ဒပြလူငယ်များကို ပစ်ခတ်ဖမ်းဆီးခြင်းတို့ ကြောင့် လူငယ်အများအပြားမှ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စွန့် လွတ်လိုက်ရပေသည်။ ပြည်သူ့ ကာကွယ်ရေးတပ်များကို အမည်အမျိုးမျိုးပေးအပ်ကာ ရရာလက်နက်စွဲကိုင်ပြီး ဗမာ/မြန်မာစစ်တပ်ကို စတင် တိုက်ခိုက်သည်။ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဝင် အများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တို့ မှ လေ့ကျင့်သင်တန်းပေးခဲ့သည်။

    ယနေ့ စစ်ရေးပဋိပက္ခအခြေအနေအရ တဖက်နှင့်တဖက် တေ့ွဆုံဆွေးနွေးရေး အခြေအနေသို့ ရောက်ရှိရန် ခက်ခဲသွားပြီ ဖြစ်သည်။ ဗဗာစစ်တပ်မှ ပြည်သူများပေါ် သတ်ဖြတ်မှု အသိအမြင်မဲ့စွာဖြင့် လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်များအနေဖြင့် ဗမာစစ်တပ်နှင့် တွေ့ ဆုံဆွေးနွေးဖို့ မှာ မဖြစ်နိုင်တော့ပေ။

    သို့ရာတွင် အချို့ သော နိုင်ငံရေးသမားတို့ ကား ငြိမ်းချမ်းရေးကို မျှော်လင့်ဆဲဖြစ်သည်။ လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရေးမှာ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြုတ်တိုက်၍ မရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက ပြောသည်။

    “အဲဒီတော့ ကျနော်ပြောချင်တာက လက်နက်ကိုင်နဲ့ တော်လှန်ရေးလုပ်ပြီးတော့ အပြုတ်တိုက်ရေးက ဘယ်တော့မှ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒါဟာ ဘယ်နည်းနဲ့မှ မရနိုင်ဘူး။ နှစ်ဖက်ညှိနှိုင်း၊ ယုံကြည်မှုတည်ဆောက်ပြီးတော့ ယုံကြည်မှု တည်‌ဆောက်လည်း ဒီလိုမရဘူး။ အပြောတစ်မျိုး အလုပ်တစ်မျိုး မဟုတ်ဘူး။ အပြောနဲ့ အလုပ် အဲဒီအပြောကနေ ကိုက်ညီတဲ့ အလုပ်ကိုလည်း တစ်ခါတည်း အကောင်အထည်ဖော် ဒါမှလုပ်လို့ရမှာ အဲဒီတော့ ကျနော်မြင်တာကတော့ ခင်ဗျားမေးတဲ့ မေးခွန်းနှစ်ခုမှာ တစ်ခုက ညှိနှိုင်းဆောင်ရွက်ရမယ်၊ ညှိနှိုင်းဆွေး‌နွေးဆောင်ရွက်ရမယ်၊ ညှိနှိုင်းဆွေး‌နွေးတဲ့အခါမှာလည်း သူ့ချည်းသက်သက်မရဘူး။ တစ်ဖက်ကလည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရမယ်၊ ပူးပေါင်းပြီးဆောင်ရွက်သွားရမယ်” ဟု ပြောသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးလက်အောက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပေါင်း (၃၀၀) ခန့် ဖွဲ့ စည်းထားပြီး ကျန်သော မိမိတို့ ဒေသတွင်သာ အခြေစိုတက်သည့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့ အကြီးအငယ် (၈၀၀) ခန့် ရှိပေသည်။ အစစအရာရာကို လက်နက်ကိုင်အင်အားဖြင့်သာ ဖြေရှင်းလိုသည့် ဗမာစစ်တပ်၏ အမြင်ကြောင့် ပြည်သူ့ ခုခံမှုမှာ နေရာအနှံ့ တွင် ပြန့် နေပြီ ဖြစ်သည်။

    လက်ရှိတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,800SubscribersSubscribe
    spot_img

    Latest posts