spot_img
Tuesday, February 3, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးကို အာမခံသည့် ဖက်ဒရယ်ကို စစ်ကောင်စီကနေ ပေးအပ်မည်မဟုတ်

    ငြိမ်းချမ်းရေးကို အာမခံသည့် ဖက်ဒရယ်ကို စစ်ကောင်စီကနေ ပေးအပ်မည်မဟုတ်

    -

    တိုင်းရင်းသားများ လိုချင်သည့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးများကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေကို စစ်ကောင်စီမှ ရရှိမည်မဟုတ်ဟု ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက ဆိုသည်။

    ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်စနစ်ကို စစ်ကောင်စီဘက်က မျှော်လင့်၍ မရကြောင်း ပြောသည်။

    ဒီလိုလည်း သတ်မှတ်လို့ရပါတယ်။ နံပတ်တစ်အချက်က‌တော့ စစ်ကောင်စီက ပေးတဲ့ ဖက်ဒရယ်ကတော့ ဘယ်တော့အခါမှ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ တကယ်ကို ငြိမ်းချမ်းမှုကို အာမခံတဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီကတော့ စစ်တပ်ကနေပြီးတော့ ရမှာ မဟုတ်ဘူးပေါ့နော်၊ သူတို့ ပြောနေတဲ့ ပုံစံကို ကြည့်လိုက် ဘယ်လိုမှကို ဒို့တာဝန်အရေးသုံးပါးကနေ လက်မချတဲ့အတွက်ကြောင့်မို့လို့ ဒီဟာက တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ကလည်း ဘယ်တော့အခါမှ ဖြစ်လာမှာ မဟုတ်ဘူးပေါ့နော်” ဟု ပြောသည်။

    စစ်ကောင်စီမှ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ကို တိုင်းရင်းသားများအတွက် ယုံကြည်ရ ခက်ခဲနေပေသည်။

    လက်ရှိ စစ်ကောင်စီကို ဖြုတ်ချပြီးမှသာလျှင် မိမိတို့ လိုချင်သည့် ဖက်ဒရယ်ဒီမိုက‌ရေစီကို တည်ဆောက်၍ ရမှာဖြစ်သည့်အတွက် စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတိုက်ထုတ်ရမည်ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေး‌နွေးထားသည်။

    ထို့အတူ မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့နှင့်လည်း ‌တွေ့ဆုံဆွေး‌နွေးခဲ့သည်။

    NCA စာချုပ် ချုပ်ဆိုစဉ်ကတည်းက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ရန် သဘောတူထားသည့်အတွက် စစ်ကောင်စီက လုပ်ဆောင်မှာ ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက ပြောသည်။

    “နစက-က NCA မှာကတည်းက ဒီမိုကရေစီဖက်ဒရယ်စနစ် ကို သဘောတူထားပြီးသားဖြစ်တယ်လေ၊ ဒါကြောင့်မို့လို့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို သဘောတူထားပြီးဖြစ်တဲ့အတွက် သဘောတူထားတဲ့အညီ ဒီမိုကရေစီ ဖက်ဒရယ် ဖွဲ့စည်းပုံကို စနစ်တကျ ပြင်ဆင်ရေးဆွဲပြီး လုပ်ရမှာ သူ့ခေါင်းထဲမှာ ရှိတယ်၊ သူက တစ်ခါတည်း ဝေါကနဲ့ ဆိုပြီးတော့ စံချိန်စံညွန်းနဲ့အမှီ အပြည့် ပေးချင်မှ ပေးနိုင်ဦးမှာ သူကလည်း အောင်မြင်စွာ ဆုတ်ခွာချင်တယ်၊ သူကလည်း အောင်မြင်စွာ ဆုတ်ခွာဖို့အတွက် သူက တစ်ဆင့်ခြင်း၊ တစ်ဆင့်ခြင်း သူက စိတ်ချတဲ့အထိ သူက လုပ်ပေးသွားမှာ ဒါကလည်း သူ့ဖက်က စာနာဖို့သင့်တယ်၊ ကြည့်ဖို့လိုတယ်၊ အဲဒီတော့ ကျနော်ကတော့ ဒီနစက ဒီမိုကရေစီဖက်ဒရယ်စနစ် သွားမယ်ဆိုတာ ကျနော် ယုံတယ်၊ မသွားလို့လည်း မဖြစ်ဘူး။ မသွားရင် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားမယ်” ဟု ပြောသည်။

    ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကို အမျိုးသားညီညွတ်ရေးကောင်စီ၏ ပထမကြိမ်ပြည်သူ့ ညီလာခံတွင် တင်ပြခဲ့သည်။

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရန်အတွက် ပြည်နယ်အလိုက် ဖွဲ့စည်းပုံများ ရေးဆွဲကာ ထို့နောက် ပြည်ထောင်စု ဖွဲ့စည်းပုံကို ရေးဆွဲရမည်ဟု ၎င်းက ဆိုသည်။

    သို့ ရာတွင် ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ကိုဗညား ပြောသကဲ့သို့ စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်း (EROs) များအနေဖြင့် ဗမာစစ်တပ်၏ မည်သည့်ကတိကဝတ်ကို မယုံကြည်ကြတော့ပါ။ NUG အပါအဝင် PDFs တော်လှန်ရေးအင်အားများမှာလည်း ၂၀၀၈ ဖွဲ့ စည်းပုံဥပဒေအတိုင်း ဆက်သွား၍ မဖြစ်တော့ကြောင်း သိရှိနားလည်နေသည်မှာ ကြာပြီ ဖြစ်သည်။

    ထို့ ကြောင့် စစ်တပ်မှ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့ စည်းပုံကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကို ရေးဆွဲခဲ့ပေသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) မှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို လမ်းပြမြေပုံနှင့် တကွ ဖော်ပြထားပြီး အစိတ်အပိုင်း (၂) မှာ တော်လှန်ရေးကာလ (ကြားကာလ) အတွင်း စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေသည့် အဖွဲ့ အစည်းအသီးသီးတို့ ၏ အခန်းကဏ္ဍကို ဖော်ပြထားပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks