Homeသတင်းမွန်ပြည်နယ်စျေကွက်သို့ ကြက်သွန်နီ အဝင်နည်းပြီး ဈေးတက်

မွန်ပြည်နယ်စျေကွက်သို့ ကြက်သွန်နီ အဝင်နည်းပြီး ဈေးတက်

-

မွန်ပြည်နယ်ဈေးကွက်အတွင်းသို့ ကြက်သွန်နီအဝင်နည်းပြီး ဈေးမြင့်တက်လာခဲ့ကြောင်း ပြည်နယ်အတွင်းရှိ ပွဲရုံလုပ်ငန်းရှင်များထံက သိရသည်။

ကြက်သွန်နီ အဓိကတင်သွင်းနေသည့် ပြည်နယ်တို့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကြက်သွန်များပျက်စီးကာ တင်သွင်းနိုင်ခြင်းမရှိတော့ကြောင်း မော်လမြိုင် ဈေးကြိုပွဲရုံတန်းမှ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

မုံရွာ၊ ပခုက္ကူက ကြက်သွန်တွေက မုန်တိုင်းကြောင့် မဝင်တော့ဘူး။ သူတို့ဆီမှာလည်း တော်တော်များများ ပျက်စီးကုန်တယ်”ဟု ၎င်းက ပြောသည်။

ကြက်သွန်နီများ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည့်အတွက်ကြောင့် ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၀၀၀ ကျော်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း ဆိုသည်။

စျေးကွက်တွင် မေလ ၂၄ ရက်နေ့က ရောင်းဝယ်နေကြသည့် ကြက်သွန်စျေးနှုန်းကတော့ မုံရွာကြက်သွန်နီ တစ်ပိဿာ ၂၂၅၀ ကျပ်၊ မလှိုင်ကြက်သွန်နီ တစ်ပိဿာ ၂၂၀၀ ကျပ်နှင့် ပခုက္ကူကြက်သွန်နီ တစ်ပိဿာ ၂၂၀၀ ကျပ်ထိ  ရှိနေသည်။

မော်လမြိုင် မောင်ငံဈေးမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူလက်လီလက္ကားရောင်းဝယ်နေသူ တစ်ဦးက “တောင်သူဆီမှာကိုက ဈေးက မြင့်နေတာ။ အခုဆို ပျက်စီးတာတွေများတော့ သိပ်မကျန်တော့ဘူး။ ဒီဘက်ကိုလည်း မဝင်တော့ဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ကြက်သွန်နီ တစ်ပိဿာ ၁၄၀၀ ကျပ်မှ ၁၆၀၀ ကျပ်ထိသာ ဈေးရှိခဲ့သည်ဟု စျေးကွက်အတွင်းမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts