spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းသထုံတွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

    သထုံတွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် မေလ ၂၁ ရက်နေ့ ညက ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခရီးသည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    ယမန်နေ့ ၉ နာရီအချိန်ခန့်က ဘီးလင်းဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် အဆိုပါ ခရီးသည်တင်ကားသည် ကမာစိုင်ကျေးရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

    ခရီးသည် အမျိုးသမီး၊ အမျိုးသား ၁၀ ဦး စီးနင်းလိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် မြဝတီမြို့မှ အသက် ၄၈ နှစ်အရွယ် ဦးလှမင်းထွန်း၊ အသက် ၃၆ နှစ်အရွယ် ကိုအောင်မွန်ဦးနှင့် ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှ အသက် ၄၃ နှစ်အရွယ် ဦးမြင့်ဇော်တို့ ၃ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “မိုင်းစထိမှန်ဒဏ်ရာရရှိတဲ့သူတွေကို နီးစပ်ရာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြတယ်။ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သူတွေထဲက လည်ပင်းပေါက်ပြဲဒဏ်ရာရရှိထားတဲ့လူနာက စိုးရိမ်ရတယ်” ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

    ခရီးသည်ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ပြီးခဲ့သည့် မတ်လကလည်း သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု ပုတိမ်ရိုးကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး ကိုရင်တစ်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ဖေဖော်ဝါရီလအတွင်းကလည်း သထုံမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ၁၂ ဘီး ကုန်တင်ကားတစ်စီး မိုင်းဆွဲခံခဲ့ရသေးသည်။

    သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမတွင် ခရီးသည်တင်ယာဥ်နှင့် လူမှုကယ်ဆယ်ရေးယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်လေ့ရှိသည်။

    သထုံမြိုနယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမတလျှောက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားနေသည့် နေရာဖြစ်သည်။

    မိုင်းဆွဲတိုက်ခိုက်ခံရသောခရီးသည်တင်ကား

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks