spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် လူငယ်တစ်ဦး ထပ်မံပစ်သတ်ခံရ

    သံဖြူဇရပ်မြို့နယ်တွင် လူငယ်တစ်ဦး ထပ်မံပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စွပ်ပလောင်ကျေးရွာလမ်းဝရှိ ဘုန်းကြီးကျောင်းအနီးတွင် မေလ ၂၀ ရက်နေ့ ညနေပိုင်းက အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို လက်နက်ကိုင်လူတစ်စုတို့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

    ယမန့်နေ့ ညနေ ၄ နာရီအချိန်က ဆိုင်ကယ်စီးနင်းလာသည့် အသက် ၁၆ နှစ်အရွယ် မောင်ကျော်နှင့် မောင်လှထွန်းအောင်တို့ ၂ ဦးကို လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုတို့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မောင်ကျော်ဆိုသည့်လူငယ်သည် အခင်းဖြစ်ရာ‌နေရာတွင်ပင် သေဆုံးခဲ့ပြီး မောင်လှထွန်းအောင်ဆိုသည့်လူငယ် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    “ကောင်လေးတွေက ဆိုင်ကယ်စီးလာနေတယ်။ ကောင်လေးတွေက စစ်သားတွေကို မြင်တော့ ဆိုင်ကယ် လှည့်ပြန်ပြီး ပြေးတာ။ အဲမှာ သူတို့က ပစ်ထည့်လိုက်တာ တစ်ယောက်ထိသွားတယ်။ သူတို့က ကရင်စစ်သားတွေပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ ပစ်သတ်ခံရသည့် လူငယ်သည် သံဖြူဇရပ်မြို့နယ်၊ ဝဲတော်ကျေးရွာနေသူတစ်ဦးဖြစ်ပြီး ၁၀ တန်းကျောင်းသားတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

    အလာတူ ပြီခဲ့သည့် မေလ ၁၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာထဲ  လက်နက်ကိုင်လူတစ်စု ဝင်ရောက်လာပြီး အပြစ်မဲ့ ကျေးရွာသားတစ်ဦးကို ပစ်သတ်ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks