မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို စစ်ကောင်စီတပ်တို့က ဖျက်ဆီးလိုက်ကြောင်း သိရသည်။
ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့်လမ်းကို စစ်ကောင်စီတပ်တို့က မေလ ၁၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ဘက်ဟိုးဖြင့် လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
အဆိုပါလမ်းကို မဖျက်ဆီးခင် ညနေ ၅ နာရီခွဲခန့်အချိန်က စစ်ကောင်စီတပ်မှ ဆောင်နိုင်ကြီးဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်းလည်း ဆိုသည်။
လမ်းကို အနက် ၆ ပေခန့် ဖျက်ဆီးသွားခဲ့ပြီး လက်ရှိတွင် ဒေသတွင်း သွားလာရေးအတွက် အခက်အခဲကြုံတွေ့နေကြရသည်ဟု ဒေသခံတို့က ပြောသည်။
“လမ်းကို အခုလို ဖျက်ဆီးလိုက်တော့ ဒီလမ်းကို အသုံးပြုသွားလာနေရတဲ့ ဒေသခံရွာသူ ရွာသားတွေအတွက်က အခက်အခဲဖြစ်ပြီးပေါ့၊ ဒီလမ်းပဲ ရှိတယ်လေ သွားလာဖို့က” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်တို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ယခုလို လမ်းတွေကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံတို့က သုံးသပ်ပြောဆိုသည်။
ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီးကျေးရွာဘက်သို့ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာနေသည့်အပြင်း ကျေးရွာဘက်သို့ လက်နက်ပြီးဖြင့် ပစ်ခတ်နေသည်လည်းရှိသည်နေဟု သိရသည်။