spot_img
Monday, December 23, 2024
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲဖြစ်

    ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲဖြစ်

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် မေ ၁၈ ရက်နေ့က မဲလံဘက်မှ ဆင်းလာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က နယ်ခြားရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားသည်။

    နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ၁၂ မိနစ်ကြား ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကြောင်းလည်း KRF က ထုတ်ပြန်ထားသည်။

    “ဒီဘက်မှာ သေနတ်တွေသံကတော့ နေ့တိုင်းလိုလိုကြားနေရတယ်။ စစ်တပ်ကလည်း စစ်ကြောင်းထိုးလာတာရှိနေတော့ ရွာထဲမှာလဲ မနေရဲကြတော့ဘူး။ တိုက်ပွဲကလည်း အချိန်မရွေးဖြစ်နိုင်တယ်လေ” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

    မေလ ၁၅ ရက်နေ့ကလည်း အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် မဲဝိုင်းဘက်မှ ဘီးလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့်အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် အစူးချောင်းကျေးရွာဘက်တွင်

    ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့သည်။

    မေလ ၁၆ ရက်နေ့တွင် အဆိုပါစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ၄ ကြိမ် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။

    လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင်း ဘီးလင်းမြို့နယ်အတွင်းက အစူးချောင်းကျေးရွာနှင့် အနီးနားဝန်းကျင်က ကျေးရွာ ၃ ရွာထက်မနည်းက ထောင်နှင့်ချီသည့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,400SubscribersSubscribe
    spot_img

    Latest posts