spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းPPST ကနေ ဘာကြောင့် မွန်ပြည်သစ်ပါတီ နှုတ်ထွက်ရတာလဲ PPST ကနေ တဖွဲ့ပြီး တဖွဲ့ နှုတ်ထွက်နေတဲ့အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်မလဲဆိုတာကို PPST...

    PPST ကနေ ဘာကြောင့် မွန်ပြည်သစ်ပါတီ နှုတ်ထွက်ရတာလဲ PPST ကနေ တဖွဲ့ပြီး တဖွဲ့ နှုတ်ထွက်နေတဲ့အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်မလဲဆိုတာကို PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်း

    -

    တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ဖို့ မွန်ပြည်သစ်ပါတီ (NMSP) စာတင်ထားပါတယ်။

    PPST အဖွဲ့ ယာယီခေါင်းဆောင်နေရာမှာ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က အနားယူသွားပြီးတဲ့နောက်မှာ PPST အဖွဲ့ ယာယီခေါင်းဆောင်နေရာကို မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းက ဆက်လက် တာဝန်ယူခဲ့ပြီး ၂ နှစ်အကြာမှာ ယခုလို နှုတ်ထွက်စာ

    PPST မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရခိုင်ပြည် နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က ပါဝင်ခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ RCSS၊ KNU နဲ့ CNF တို့ကတော့ အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ထားခဲ့ပါတယ်။

    PPST ကနေ ဘာကြောင့် မွန်ပြည်သစ်ပါတီ နှုတ်ထွက်ရတာလဲ PPST ကနေ တဖွဲ့ပြီး တဖွဲ့ နှုတ်ထွက်နေတဲ့အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်မလဲဆိုတာကို PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး ။ ။ PPST ကနေ မွန်ပြည်ပါတီ နှုတ်ထွက်ဖို့ စာတင်ထားတယ်လို့ သိရတယ်။ အဲအခြေအနေလေး သိပါရစေဗျ။

    ဖြေ ။ ။ အဲ့တာလည်းပဲ ကျတော်တို့လည်းပဲအခုမှကြားသိရတာပါ နောက်ခံသမိုင်း ဘာကြောင့်လဲတော့ ကျနော် မသိဘူ။ သို့သော်လည်းပဲ လုံးလုံးနှုတ်ထွက်သွားတာတော့ မဟုတ်ဘူးဗျ။ လက္ခဏာလေးပေါ့ ကျတော်တို့မှာ အခုဆိုရင် အပေါင်းလက္ခဏာ ၃ ဖွဲ့ရှိတယ်။ ၃ ဖွဲ့ကတော့ CNF ရယ်၊ KNU ရယ် RCSS ရယ် အဲ့ဒီသုံးဖွဲ့ထဲမှာမှ ကျတော်တို့ RCSS ကတော့ ပူးပေါင်းဆောင်ရွက်မှုများတယ်ဗျ။ ပါဝင်သင့် ပါဝင်ထိုက်တဲ့ နေရာမှာ သူတို့ပါတယ်။ ဥပမာ ကျတော်တို့ရဲ့ နိုင်ငံခြားရေးကော်မတီမှာ ပါတယ်ဗျာ။ နောက်ပြီးတော့ အားဆီယံ အထူးကိုယ်စားလှယ်ဖိတ်လို့ သွားရင်လည်း RCSS ကိုယ်စားလှယ်လိုက်ပါတယ်။ နောက်ပြီးတော့ ကျတော်တို့ရဲ့ ရိက္ခာတွေ ဘာတွေ နိုင်ငံတကာပေးတာတွေတော့ ငွေကြေးကအစ အားလုံးလည်း သူတို့က ရယူတယ်ဗျ။ ကျတော်တို့ အမှုဆောင်ထဲမှာ လုပ်ငန်းထဲမှာ တချို့ပေါ့နော် အပြည့်မပါတာ တစ်ခုပါပဲ ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှုတော့ မြင့်ပါတယ်။ အဲလို မွန်ပြည်သစ်ပါတီလည်းပဲ သူတို့ အဖွဲ့ခေါင်းဆောင် ပါဝင်ပြီးတော့ ဦးဆောင်နေတာ နှစ်နှစ်ရှိသွားပြီး။ အဲဒီမှာ PPST အတွင်း ဝန်းထုပ်ဝန်းပိုတွေပေါ့ဗျာ။ တဖွဲ့တည်းမှာပဲ ၃/၄ ခုပြောတာတို့ ပြဿနာပေါ်တာတို့ နောက်ပိုင်းမှာ စီမံချက်တွေ ထပ်ဖြည့်တော့ တဖက်က နေပြည်တော်အဖွဲ့တို့ သွားပြီးတော့ ထိပါးလာတာတို့ဖြစ်တော့ အဖွဲ့ခေါင်းဆောင်အနေနဲ့  တာဝန်ယူ တာဝန်ခံရတာ နည်းနည်း ခက်လာတဲ့သဘောမျိုးလို့ ယူဆရပါတယ်။ ဒါကြောင့် သူတို့အနေနဲ့လည်း တတ်နိုင်သလောက်ပဲ ဝင်မယ်။ သို့သော် ဒီအပေါင်းလက္ခဏာအဖွဲ့ထဲမှာ ပါရင် သက်သာမလားပေါ့ဗျာ တာဝန်ယူ မှုတာဝန်ခံမှု ပိုပြီးတော့ ပေါ့မလားပေါ့ တွက်တာနဲ့ တူပါတယ်။ အလုပ်ကတော့တွဲလုပ်မှာပါ ကြည့်ရတာ ဒါပေမယ့် တာဝန်ယူမှု တာဝန်ခံမှု ရာခိုင်နှုန်းပြည့်မယူတဲ့ အဆင့်တွေ လျော့ချမယ့်သဘောမျိုး မြင်ရတယ်။

    မေး ။ ။ အဖွဲ့ထဲကနေလုံးဝနှုတ်ထွက်သွားတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်?

    မဟုတ်ဘူးဗျ။ အဲ့လိုနှုတ်ထွက်လို့လည်းမရဘူးဗျ။ NCA ထိုးထားတာက အခိုင်အမာဖြစ်တယ်။ NCA လက်မှတ်ထိုး တဲ့အတွက် NCA လက်မှတ်ထိုးတဲ့အဖွဲ့တစ်ခုက မတရားအသင်းလို့ ပျက်ပြယ်လို့မရတော့ဘူး။ ကင်းလွတ်တယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေ ဥပဒေတွေ ကင်းလွတ်တယ် ဒါကြောင့် မတရာအသင်း ဥပဒေတို့ အကြမ်းဖက်အဖွဲ့အစည်း ဥပဒေတို့ ကင်းလွတ်တဲ့အတွက် NCA လက်မှတ်ထိုးထားရာကနေ စွန့်ခွာသွားဖို့ ဒီအစုအဖွဲ့ကနေ စွန့်ခွာသွားဖို့ကတော့ မဖြစ်ဘူးဗျ။ သို့သော်လည်းပဲ အပေါင်းလက္ခဏာအဖွဲ့ဆိုတာက အဖွဲ့အသီးသီးအတွက်ပေါ့ဗျာ အကျိုးရှိမယ့်နေရာလေးမှာ ဝင်လုပ်ပီးတော့ ပြဿနာဖြေရှင်းတဲ့ အရှုပ်အရှင်းထဲမှာ မပါတော့ဘူးဆိုတဲ့သဘောပေါ့ဗျာ။ အဲတာ တာဝန်ယူမှု တာဝန်ခံမှုအဆင့် လျော့ချတဲ့သဘောပါပဲ။

    မေး ။ ။PPST ကနေ နှုတ်ထွက်ဖို့ မွန်ပြည်သစ်ပါတီက ဘယ်တုန်းက စာတင်ထားတာလဲဗျ။

    ဖြေ။ ။ကျတော်ထင်တာကတော့ April လ နောက်ဆုံးအပတ်လောက်ထင်တာပေါ့။ အတိအကျတော့ မသိဘူး။

    မေး ။ ။ ကျတော်တို့ကြားသိရတာတော့ စစ်ကောင်စီနဲ့ဆွေးနွေတဲ့နေရာမှာပေါ့ အဖွဲ့ဝင် အသစ်တွေ မပါလာဘူးဆိုရင်တော့ ယာယီဆွေးနွေးမှုတွေ ရပ်ဆိုင်းတယ်ဆိုပြီး စာပို့တယ်လို့လည်း ကြားသိရတယ်။ အဲဒါလေးရော အခြေအနေ ဘယ်လိုရှိလဲဗျ?

    အဲ့ဒါလည်း ကြားပါတယ်။ ဒါကြောင့် အဖွဲ့ဝင်အသစ်တွေပါဖို့အတွက် နည်နည်းလေး ဟိုဟာပေါ့ စည်းကမ်းဆောင်ရွက်တဲ့နေရာမှာ နည်းနည်းလေး နိုင်ငံရေးအရပေါ့ဗျာ ဖိအားပေးတဲ့သဘောမျိုးလားမသိဘူးဗျ။ ကျတော်တို့ PPST ကတော့ အပေါင်းလက္ခဏာနဲ့ပဲ နေရမယ်ဆိုပြီတော့ ပြောတာပေါ့ ပြန်ပြီးတော့ ပြန်စဉ်းစားခိုင်းတာပေါ့ဗျာ။ တကယ်တော့အဖွဲ့အစည်းတွေက တစ်ဖွဲ့ပြီး တစ်ဖွဲ့ ထွက်မယ်ဆိုရင်တော့ ကျနော်တို့ PPST တန်ဖိုးနဲ့  ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတော့ အများကြီးထိခိုက်လာနိုင်တာပေါ့။

    မေး ။ ။ အခု PPST ကနေ မွန်ပြည်သစ်ပါတီနှုတ်ထွက်စာတင်တယ်။ ဆိုတော့ PPST ရဲ့ အခင်းအကျင်းနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး ဘာများပြောချင်လဲခင်ဗျ?

    ဖြေ ။ ။ နှုတ်ထွက်စာ တင်ထားပြီးတော့ အားလုံးနဲ့ဆွေးနွေးမယ်။ အဓိကကတော့  အကြောင်းပြချက် တိတိကျကျပေါ့ သိချင်တယ်။ ဒါကြောင့် လာမယ့်အစည်းအဝေးကျမှပဲ ဆုံးဖြတ်မယ်။ အဲ decision က၊ ဒါပေမယ့် PPST မှာ ပါဝင်တယ်ဆိုတာက တစ်ဖွဲ့ချင်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်းပဲ ကျနော်တို့ လေးစားတယ်။ ကိုယ့်အဖွဲ့နဲ့ ကိုယ် ကိုယ်ပိုင်ဆုံးဖြတ်တာကိုတော့ ကျတော်တို့ လေးစားလိုက်နာရမှာပဲ သို့သော်လည်းပဲ အများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အဆင့်ကိုတော့ ရသလောက်တော့ ယူရမှာပေါ့ဗျာ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks