Wednesday, March 18, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် လက်နက်ကိုင်တစ်စုကပစ်ခတ်လို့ ဒေသခံ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

    သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် လက်နက်ကိုင်တစ်စုကပစ်ခတ်လို့ ဒေသခံ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက လက်နက်ကိုင်တစ်စုက ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ယနေ့ နံနက် ၈ နာရီအချိန်ခန့်က အင်အား ၂၀ ဦးကျော်ရှိ လက်နက်ကိုင်တစ်စုက အနင်းကျေးရွာထဲ ဝင်လာပြီး လမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် မိုးဇော်ဦးနှင့် နိုင်အဒစ်ဆိုသူ ၂ ဦးတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

    “ကရင်တပ်တွေ ကရင် PDF တွေပေါ့။ သူတို့ ရွာထဲ ဝင်လာတဲ့အချိန်မှာ ဒီလူ ၂ ယောက်က ဆိုင်ကယ်နဲ့ သူ့အလုပ် သူသွားတာပေါ့လေ။ သူတို့က ဆိုင်ကယ်ကို ရပ်ခိုင်းပြီးတော့ ပစ်တယ်။ နဖူးတည့်တည့်ပစ်ခံထိပြီး ၁ ဦးသေသွားတယ်။ နောက် ၁ ဦးက ထွက်ပြေးပြီး ဟိုက ပစ်လို့ ခြေထောက်ထိသွားတယ်” ဟု အနင်းကျေးရွာခံတစ်ဦးက ပြောသည်။

    သေနတ်ဖြင့် ပစ်ခံရမှုကြောင့် အသက် ၂၇ နှစ်အရွယ် မိုးဇော်ဦးသည် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့်  အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ နိုင်အဒစ်ကတော့ ထွက်ပြေးစဥ် ပစ်ခတ်ခံရမှုကြောင့် ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

    အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် အနင်းကျေးရွာရဲစခန်းဘက်မှ လက်နက်ကြီးဖြင့် ၄ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ကိုင်အဖွဲ့တို့က အနင်းကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပစ်ခတ်ခံရသူ မိုးဇော်ဦးနှင့် နိုင်အဒစ်တို့ ၂ ဦးသည် အနင်းကျေးရွာနေသူများဖြစ်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    သေဆုံးရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူကို လူမူကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် အနင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက အနင်းကျေးရွာ ရဲစခန်းမှ ကရင်လူမျိုးများ နေထိုင်ရာကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကရင်လက်နက်ကိုင်တို့က ယခုလို အနင်းကျေရွာထဲ ဝင်လာခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks