spot_img
Friday, December 27, 2024
More
    spot_img
    Homeသတင်းနိုင်ငံတကာမြန်မာသတင်းအဖွဲ့အ (BNI) Hiroshima  ဆု ချီးမြှင့်ခံရ

    နိုင်ငံတကာမြန်မာသတင်းအဖွဲ့အ (BNI) Hiroshima  ဆု ချီးမြှင့်ခံရ

    -

    ၁၉၈၉ ခုနှစ်တွင် ထူထောင်ထားပြီး စာပေ အနုပညာ ယဉ်ကျေးမှုနှင့် သတင်းမီဒီယာအဖွဲ့ အစည်းတို့ အား (၂) နှစ်လျှင် ဆုပေးအပ်နေသည့် Edita and Ira Morris Hiroshima Foundation for Peace and Culture သည် ၎င်းတို့၏ 2023 ခုနှစ်အတွက် ချီးမြှင့်သောဆုကို နိုင်ငံတကာမြန်မာသတင်းအဖွဲ့ Burma News International (BNI) သို့  ချီးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။  

    နိုင်ငံတကာမြန်မာသတင်းအဖွဲ့  BNI သည် တိုင်းရင်းသား သတင်းဌာန ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်းတွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလူမျိုးများ အပေါ် ရက်စက်ယုတ်မာမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအကြောင်းကို ရဲရင့်စွာ သတင်း ရေးသားနေပြီး၊ ပြည်တွင်း ပြည်ပရှိ  ပုရိသတ်များဆီသို့  ရဲ့ဝံစွာ အစီရင်ခံတင်ပြသည့်အပြင် နိုင်ငံတကာပရိသတ်အတွက်လည်း သတင်းများကိုလည်း အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခြင်းကြောင့် Edita နှင့် Ira Morris Hiroshima Foundation for Peace and Culture မှ ၎င်း၏ 2023 ခုနှစ် ဆုအား Burma News International (BNI) အား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။  

    BNI သည် နှစ်အတော်ကြာာ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ဆောင်ခဲ့ပြီး ကြိုးပမ်းအားထုတ်မှုများ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ်ကြိုးပမ်းခဲ့သည့်အတွက် Hiroshima ကို ချီးမြှင့်ခံရခြင်းဖြစ်သည်။

    BNI ကို တိုင်းရင်းသားနှင့် ဒေသတွင်းက အမှီအခိုကင်းသော Mizzima News, Khonumthung Media Group၊ Kaladan Press Network နှင့် Narinjara News တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

    BNI ၏ စီမံခန့် ခွဲရေး ညွှန်ကြားရေးမှူးသည် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် တရားမျှတရေးအတွက်  ဆယ်စုနှစ်တစ်ခုကျော် လုပ်ဆောင်နေသော လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါ်တင်တင်ညို ဖြစ်သည်။

    ၂၀၂၃ Hiroshima ဆုသည် ခန့်မှန်း အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်မည်ဖြစ်ပြီး  ဆုပေးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပရန်ရှိသည်။

    Edita and Ira Morris Hiroshima Foundation for Peace and Culture ကို အမေရိကန်စာရေးဆရာ Ira Morris (1903-1972) နှင့် လက်ထပ်ခဲ့သော ဆွီဒင်စာရေးဆရာ Edita Morris (1902-1988) မှ တောင်းဆိုမှုဖြင့် 1989 ခုနှစ်တွင် တည်ထောင်ခဲ့သည်။

    Hiroshima အဏုမြူဗုံးကြောင့် ခံစားရသူများကို ဖော်ပြသည့် Edita Morris ၏ အကျော်ကြားဆုံးဝတ္ထု The Flowers of Hiroshima ကို အစွဲပြု၍ ဖောင်ဒေးရှင်းကို အမည်ပေးထားသည်။

    ဖောင်ဒေးရှင်းသည် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် တွေ့ဆုံဆွေးနွေးမှု၊ နားလည်မှုများနှင့် ငြိမ်းချမ်းရေးတို့ကို ဖော်ဆောင်ပေးသည့် ယဉ်ကျေးမှုနယ်ပယ်တွင် ပါဝင်ကူညီကြသူများကို ဆုပေးအပ် ချီးမြှင့်သည်။ 

    နိုင်ငံတကာမြန်မာသတင်းအဖွဲ့သည် မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသများဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယ နယ်စပ်များတွင် အခြေပြုသည့် Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News စသည့် မီဒီယာအဖွဲ့အစည်း လေးခုဖြင့် ၂၀၀၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။

    နောက်ပိုင်းတွင် နိုင်ငံတကာမြန်မာသတင်းအဖွဲ့ကို ထိုင်းနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သော သတင်းအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအတွင်း၌ အခြေစိုက်သော သတင်းအဖွဲ့များဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,500SubscribersSubscribe
    spot_img

    Latest posts