spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်ဟံသာဝတီ ပျက်သုန်းခြင်းအခမ်းနားကို မြို့နယ်အလိုက် အကျဉ်းချုံးသာ ကျင်းပခဲ့

    မွန်ပြည်ဟံသာဝတီ ပျက်သုန်းခြင်းအခမ်းနားကို မြို့နယ်အလိုက် အကျဉ်းချုံးသာ ကျင်းပခဲ့

    -

    ကဆုန်လပြည့်ကျော် ၈ ရက်နေ့ မေ ၁၁ ရက်နေ့က ကျရောက်သည့် ၂၆၆ ကြိမ်မြောက် ဟံသာဝတီပျက်သုန်းခြင်းနေ့ကို မွန်ပြည်နယ်အတွင်းက မြို့နယ်အလိုက် အကျဉ်းချုံး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

    လက်ရှိနိုင်ငံရေးအခြေနေကြောင့် မွန်လူမျိုးတို့၏ (ဟံသာဝတီ)နေပြည်တော် ပျက်သုန်းခြင်း အောက်မေ့ဖွယ်အခမ်းနားကို သံဃာတော်များ ပင့်ဖိတ်ပြီး ဆုတောင်းမေတ္တာပို့သခြင်း၊ အမျှအတန်းပေးဝေခြင်း၊ ဟံသာတီသမိုင်းကြောင်း ဖတ်ကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု သံဖြူဇရပ်မြို့နယ် မွန်လူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ဒီနှစ်တော့ကျနော်တို့ အကျဉ်းချုံးပဲလုပ်တယ်။ မြို့နယ်အဆင့်က ကျနော်တို့က အကျယ်မချဲ့တော့ဘူးလေ သွားလာရေးကလည်းရှိသေးတော့ လုံခြုံရေးအရ အကျဉ်းချုံးပဲလုပ်တယ်။ သံဃာတော်တွေလည်း မပင့်တော့ဘူး ကျနော်တို့လူငယ်တွေစုပြီး ဘုရားမှာ ဆုတောင်းမေတ္တာပို့သမှုလုပ်မယ်၊ အမျှအတန်းဝေမယ်၊ ဟံသာဝတီ သမိုင်းကြောင်းတွေဖတ်မယ် ဒီလောက်ပါပဲ” ဟု ၎င်းက ပြောသည်။

    လက်ရှိနိုင်ငံရေးတာဝန်ကို လူငယ်များ ပခုံးပြောင်း တာဝန်ယူရသည့်အချိန် ဖြစ်ပြီး လူငယ်တိုင်း မွန်သမိုင်းကြောင်းကို သိရှိနားလည်ရန် လိုအပ်သောကြောင့် ယခုလိုနေ့မျိုးကို ဘယ်လိုအခက်အခဲရှိရှိ လုပ်လို့ရသည့်နည်းဖြင့် လုပ်သင့်ကြောင်းလည်းလည်း သူက ဆိုသည်။

    ဟံတာဝတီပျက်သုန်းခြင်းနေ့သည် မွန်လူမျိုးတို့၏ အချုပ်ခြာအာဏာ လွပ်လပ်ခွင့်များ ရှိခဲ့သည်ကို မျိုးဆက်သစ်လူငယ်များဆီ ပြန်လည်မျှဝေခွင့်ရှိသည့်အတွက် အဖိုးတန်သည့် နေ့တစ်နေ့ဖြစ်ကြောင်းလည်း ချောင်းဆုံမြို့နယ် တော်ကနာရွာမှ ဆရာတော်ပိုင်ညာဏ်ဒကက မိန့်ကြားသည်။

    “အာဏာရှင်စနစ်အောက်မှာ နေရတာဟာ ဘယ်လူမျိုးမှ အလိုရှိကြမှမဟုတ်ဘူး။ လူမျိုးတစ်မျိုးက လွပ်လပ်တဲ့ ဂုဏ်သိက္ခာလေးရှိမှ အဲ့လူမျိုးတွေရဲ့ဘဝ သုခတွေနဲ့ရပ်တည်နိုင်မှာ အဓိက ဒီနေ့က မွန်လူမျိုးတွေ အချုပ်ခြာအာဏာရှိခဲ့တာကို ပြန်လည် အောက်မေ့ပြီး၊ ကြိုးစားလာကြမယ်။ ကိုယ့်လူမျိုးအတွက် တိုက်ပွဲဝင်လာမယ်။ အဲဒါလေးတွေကို မွန်လူငယ်ရော မွန်သံဃာတွေ သတိရစေတဲ့အတွက် အရမ်းတန်ဖိုးရှိတယ်” ဟု မိန့်ကြားသည်။

    ပဒေသရာဇ်ခေတ်ကို ပြန်လည်တမ်းတပြီး ဟံသာဝတီပျက်သုဉ်းခြင်းအခမ်းအနားကို ကျင်းပခြင်းမဟုတ်ဘဲ အတိတ်တွင် နှစ်ပေါင်းထောင်ချီ မွန်တို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုရှိခဲ့သည်ကို မျိုးဆက်သစ်မွန်လူငယ်များ သိရှိ နားလည်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု မွန်နိုင်ငံရေး ခါင်းဆောင်တို့က ပြောသည်။

    ယမန်နေ့က ကျရောက်ခဲ့သည့် ၂၆၆ ကြိမ်မြောက် ဟံသာဝတီပျက်သုန်းခြင်းနေ့ကို ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းရှိ မွန်ကျေးရွာများတွင် သာမက မွန်ပြည်သစ်ထိန်းချုပ်နယ်မြေတွင်လည်း တစ်နည်းတစ်ဖုံ ကျင်းပနေခဲ့ကြသည်။

    ကောဇာသက္ကရာဇ် ၁၁၉ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက်နေ့တွင် ဗမာဘုရင် ဦးအောင်ဇေယျက ပဲခူး မွန်နေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မွန်တို့ အချုုပ်အခြာအာဏာ ဆုံးရှုံးခဲ့သည့်နေ့ကို အစွဲပြုပြီး ဟံသာဝတီပျက်သုန်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ကျင်းပလာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks