spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းအားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်

    အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်

    -

    ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသည့် အားအလွန်ကောင်းသောဆိုင် ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ(MOCHA)” ကြောင့် မွန်ပြည်နယ်အတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

    ယနေ့ မေ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)”သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသောဆိုင် ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပါသည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

    အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၉၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ဆိုသည်။

    လက်ရှိတွင် အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သဖြင့် လိမ္မော်ရောင်အဆင့်ဟု မိုးဇလက သတ်မှတ်ထားသည်။

    အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

    မုန်တိုင်းအရှိန်ကြောင့် မေ ၁၂ ရက်နေ့နံနက်ပိုင်းမှ ၁၅ ရက်နေ့အတွင်း တိုင်းနှင့် ပြည်နယ်အားလုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

    မေ ၁၂ ရက်နေ့ နံနက်မှ ၁၅ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၉၀ မှ မိုင် ၁၁၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ဆိုသည်။

    လှိုင်းအမြင့်သည် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါသည်ဟု ခန့်မှန်းထားသည်။

    မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်သည်။

    မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks