spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ်မှ ညောင်ပင်သာရွာသားများကို ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့ဟုဆို

    စစ်ကောင်စီတပ်မှ ညောင်ပင်သာရွာသားများကို ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့ဟုဆို

    -

    ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ညောင်ပင်သာကျေးရွာသားများကို စစ်ကောင်စီတပ်က ဖမ်းဆီး ညှင်းပန်းနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

    လက်ရှိတွင် စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်ခဲ့သည့် ညောင်ပင်သာရွာသား ၁၉ ဦးသာ စာရင်းကောက်ယူထားနိုင်သေးကြောင်း အခြားပျောက်ဆုံးနေသူများလည်း ရှိနေသေးကြောင်း KNU က ဆိုသည်။

    စစ်ကောင်စီတပ်များသည် မေလ ၁၀ ရက်နေ့က ညောင်ပင်သာကျေးရွာအနားသို့ ရောက်ရှိလာပြီး ညနေ ၅ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ – ၃ လက်အောက်ခံ စစ်ကြောင်းတို့နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    ထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦး၊ ဒုဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၂ ဦး သေဆုံးသွားသည်ဟု KNU ဗဟိုက ထုတ်ပြန် ဖော်ပြထားသည်။

    ထိုထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ညောင်ပင်သာရွာအတွင်းသို့ ဝင်ရောက်ပြီး မကြာမီတွင် ညောင်ပင်သာရွာအတွင်း၌ မီးများတောက်လောင်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ပါရှိသည်။

    မေလ ၁၁ ရက်နေ့မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ လက်အောက်ခံ စစ်ကြောင်းမှ ညောင်ပင်သာရွာအတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်မှ ညောင်ပင်သာရွာသားများကို မီးရှို့သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ပါရှိသည်။

    စစ်ကောင်စီ စစ်ကြောင်းသည် ညောင်ပင်သာရွာအနီးတွင် ရှိနေသေးသည့်အပြင် ထိုနေရာသည် စစ်မြေပြင်သဖွယ်ရှိနေသည့်အတွက်ကြောင့် ပျောက်ဆုံးနေသော ပြည်သူလူထုများစာရင်းကို လိုက်လံ ကောက်ယူနေဆဲဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks