spot_img
Sunday, May 19, 2024
More
    spot_img
    Homeသတင်းမြဝတီ- ကော့ကရိတ်အာရှလမ်းမကြီး သွားလာမှုလုံးဝမပြုလုပ်ရန် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းအဖွဲ့ ထုတ်ပြန်

    မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီး သွားလာမှုလုံးဝမပြုလုပ်ရန် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းအဖွဲ့ ထုတ်ပြန်

    -

    မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား  ယနေ့ ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့ထိ ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုလုပ်ရန် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

    ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ် အာရှလမ်းတလျှောက်တွင် မတ်လ ၂၅ ရက်နေ့မှစပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

    အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က များစွာအထိနာလျက်ရှိသည့်အတွက် မြဝတီ – ကော့ကရိတ်အာရှလမ်းမကြီးမှတဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများကို ပို့ဆောင်လျက်ရှိကြောင်း ဧပြီလ ၇ ရက်နေ့ ရက်စွဲနှင့် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းအဖွဲ့များက ပူးတွဲထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

    ထုတ်ပြန်ချက်ကို KNU/KNLA (PC) ၊ ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Iron Battalion ၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း နှင့်စစ်ဒေသခွဲအမှတ် (၃) တောင်ပိုင်းစစ်ဒေသ တို့မှ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ဒု – စစ်ဒေသမှူး -၂ နှင့် စစ်ကြောင်းမှူးများ၊ ဒု – စစ်ကြောင်းမှူးတို့ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းအချိန်မှ စတင်ကာ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောက်ရဲစခန်း၊ ကျုံဒိုးနှင့် ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ BGF တပ်များနှင့် KNU/KNLA, KTLA,PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

    ဧပြီလ ၅ ရက်နေ့တွင်လည်း  ကော့ကရိတ်မြို့နှင့် မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့သစ်အနီးဝန်းကျင်တွင်လည်း ဧပြီလ ၅ ရက်နေ့မှစပြီး တိုက်ပွဲများ​ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts