spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

    မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

    မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်းအားစုက ထုတ်ပြန်ထားသည်။

    မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်း ပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

    မတ် ၂၉ ရက်နေ့တွင်ပင် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ လက်ပံသုသာန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များလည်း ဒရုန်ဖြင့် တိုက်ခိုက်ခံရခဲ့ရသည်။

    ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာရှိ မရမ်းချောင်အမြဲတမ်းစစ်ရေးဂိတ်ကို ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    မရမ်းချောင်အမြဲတမ်းစစ်ရေးဂိတ်တိုက်ခိုက်ခံရမှုကြောင့်  ဂိတ်တာဝန်ကျ ရဲ ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒါဏ်ရာရခဲ့ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks