spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် ရိုဟင်ဂျာများ ထပ်မံဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၂၀၀ နီးပါးရှိလာ

    သံဖြူဇရပ်တွင် ရိုဟင်ဂျာများ ထပ်မံဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၂၀၀ နီးပါးရှိလာ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာများတွင် ရိုဟင်ဂျာများ ထပ်မံဖမ်းဆီးခံရကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၂၄ ရက်က သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအုပ်စု၊ ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံအတွင်း ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိခဲ့ပြီးနောက် ကွင်းဆက်အနေဖြင့် ရိုဟင်ဂျာများ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက ဝင်းစိန်ကျေးရွာအနီးတွင် ရိုဟင်ဂျာ ကျား ၂၈ ဦးနှင့် မ ၃ ဦး စုစုပေါင်း ၃၁ ဦးကိုထပ်မံဖမ်းဆီးရမိခဲ့သည်။

    မတ်လ ၂၆ ရက်နေ့တွင်လည်း ခလောက်ချကျေးရွာတွင် ရိုဟင်ဂျာ ကျား ၉ ဦးနှင့် မ ၅ ဦး စုစုပေါင်း ၁၄ ဦး ထပ်မံဖမ်းဆီးရမိခဲ့သည်။

    “ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ ရိုဟင်ဂျာ ကျား ၁၃၀ ဦး၊ မ ၆၉ ဦး စုစုပေါင်း (၁၉၉) ဦး ဖမ်းဆီးရမိခဲ့တယ်” ဟု လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

    အဆိုပါ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းသို့ စက်လှေဖြင့် ရောက်ရှိလာကြောင်းနှင့် ၎င်းတို့သည် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့သွားရောက်မည့်သူများဖြစ်ကြောင်းလည်း ဆိုသည်။ 

    ဖမ်းဆီးရမိထားသည့် ရိုဟင်ဂျာများကို သံဖြူဇရပ်မြို့ ဘောလုံးကွင်းရှိ အားကစားခန်းမတွင် ထိန်သိမ်းစောင့်ရှောက်ထားပြီး စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

    ဇန်နဝါရီလအတွင်းကလည်း ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်းစစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦး၊ ဖေဖေါ်ဝါရီလက မုဒုံမြို့နယ် ဝဲကလိကျေးရွာနှင့် ကမာအုပ်ကျေးရွာအကြား ဓနိတောတွင် ကလေးအပါအဝင် ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ မုဒုံမြိုနယ်၊ မော်လမြိုင်မြို့နယ်အတွင်း ရိုဟင်ဂျာ ၂၃၀ ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။

    မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာများသည့် ထိုင်းနိုင်ငံ ထိုမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားဖြင့် ရောက်ရှိလာသူများဖြစ်သည်။

    Photo: မွန်ပြည်နယ်တွင် ဖမ်းမိသော ရိုဟင်ဂျာများ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks