spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်အတွင်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

    ကျိုက်ထိုမြို့နယ်အတွင်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ သုဿာန်အနီးရှိ ရော်ဘာခြံတစ်ခုတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    အသက် ၅၉ နှစ်အရွယ် ဒေါ်ခင်မိုးအေးဆိုသူသည် ကင်မွန်းချောင်းသုဿာန်အနီးရှိ ၎င်းပိုင်ဆိုင်သည့် ရော်ဘာခြံအတွင်း တည်ရှိနေစဉ် အမည်မသိသေနတ်သမားတို့ မတ်လ ၂၄ ရက်နေ့က မွန်လွဲပိုင်းအချိန်ခန့်က လာရောက်ပစ်ခတ်ခဲ့သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဒေါ်ခင်မိုးအေးသည် မျက်နှာ၊ ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

    ဒေါ်ခင်မိုးအေးသည် ဒုဗိုလ်မှူးကြီးဟောင်း ဦးမျိုးဇော် (ကွယ်လွန်) ၏ ဇနီးဖြစ်သည်ဟုလည်း ဒေသခံတို့က ပြောသည်။

    “(မတ် ၂၄ ရက်) မွန်းလွဲ ၃ နာရီလောက်မှာ ဒေါ်ခင်မိုးအေးကို သေနတ်နဲ့ လာပစ်သွားတာလို့ သိရတယ်။ သူ့ယောက်ျားကလည်း တပ်ကပဲလို့ သိရတယ်။ သူ့ကိုဘာအကြောင်းကြောင့် ပစ်သတ်သွားတာလဲဆိုတာကိုတော့ မသိဘူး” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

    သေဆုံး ဒေါ်ခင်မိုးအေး ရုပ်အလောင်းအား လူမှုကယ်ဆယ်ရေးအသင်းအကူအညီဖြင့် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာရှိ ရော်ဘာခြံတစ်ခြံအတွင်း အမျိုးသမီးတစ်ဦးအား အမည်မသိ သေနတ်သမားများမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် အခင်းဖြစ်ရာနေရ၌ပင်သေဆုံးခဲ့ကြောင်း သိရသည်။

    Photo: ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာလ ပစ်မှတ်မှုတွင် သေဆုံးသွားသည့် ကျိုက်ထီးရိုးခရီးသွားတဦး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks