spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်က အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်သတ်

    ရေးမြို့နယ်က အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်သတ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံလောင်းရွာသစ်အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ ၆၁ ရှေ့တွင် အသက် ၃၅ နှစ်အရွယ် ကိုကြည်ဝင်းဆိုသူကို စစ်ကောင်စီတပ်တို့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

    မတ်လ ၂၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရေးမြို့မှ ဆိုင်ကယ်မောင်းနှင်လာသည့် ကိုကြည်ဝင်းနှင့် မောင်လေးငယ်တို့နှစ်ဦးသည်  စစ်ကောင်စီတပ်ရင်း ခလရ ၆၁ ရှေ့အရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုကြည်ဝင်းသည် ရေးဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ ဆိုင်ကယ်လိုက်ပါစီးနင်းလာသည့် ကိုမောင်လေးကတော့ ပျောက်ဆုံးနေပြီး ယနေ့ထိ အဆက်အသွယ်မရသေးဘူးလို့လည်း သိရသည်။

    ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး ည ၆ နာရီ နံနက် ၆ နာရီ ညမထွက်ရမိန့်လည်း ထုတ်ပြန်ထားပြီးနောက် သတ်မှတ်ချိန်အတွင်း ဖြတ်သန်းသွားလာသူများကို ပစ်ခတ်တာ ဖမ်းဆီးတာတွေ လုပ်ဆောင်နေသည်ဟု ဒေသခံတို့က ပြောသည်။

    “စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်မှာ ညပိုင်းသွားလာလို့ သူတို့နဲ့ကြုံရင် ဖမ်းဆီးခံရတာရှိတယ်။ ပစ်သတ်ခံရတာတွေလည်းရှိတယ်။ သူတို့က လုပ်ချင်သလို လုပ်နေတယ်ဆိုတော့ ၆ နာရီနောက်ပိုင်း ဘယ်မှ မသွားတာက အကောင်းဆုံးပါ” ဟု ရေးဒေသခံတစ်ဦက မှတ်ချက်ပြုသည်။

    မတ် ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီကျော်ခန့်ကလည်း ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ရွှေရောင်ပြကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် လူငယ် ၂ ဦးကို လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ လူငယ်နှစ်ဦးသည် အသက် ၂၀ ဝန်းကျင်သာရှိသည့်လူငယ်များဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကိုတော့  မသိရှိရသေးဘူးလို့ ဒေသခံတို့က ဆိုသည်။

    စစ်ကောင်စီတပ်ထောက်ခံ တယ်လီဂရမ်အကောင့်တွေမှာတော့ အဆိုပါ လူငယ် ၂ ဦးသည် ခြုံပုတ်အတွင်း မိုင်းထောင်နေစဥ် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တို့က ပစ်သတ်ခဲ့ပြီး ၎င်းတို့ထံမှ လက်လုပ်မိုင်း ၂ လုံးလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

    ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ရွှေရောင်ပြကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရမှု၊ ပစ်ခတ်တိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts