Homeသတင်းကျုံဒိုးတွင်လည်း တိုက်ပွဲဖြစ်ပွားနေ

ကျုံဒိုးတွင်လည်း တိုက်ပွဲဖြစ်ပွားနေ

-

ကရင်ပြည်နယ် ကျုံဒိုးမြို့တွင်လည်း မတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်မှစပြီး စစ်ကောင်စီတပ် နှင့် KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိတွင် ကျုံဒိုးရဲစခန်းအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကြားသိရသော်လည်း တိုက်ပွဲကြောင့် ပုန်းခိုနေရသည့်အတွက် အသေးစိတ်ကို အတည်မပြု‌နိုင်သေးဘူးလို့ မြို့ခံတစ်ဦးက ဆိုသည်။

“မနက် ၈ နာရီအချိန်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကြားနေရတယ်။ မြို့ထဲက လူတွေလည်း အကုန် ဗုံးခိုကျင်းထဲ ဝင်ပုန်းနေကြရတယ်။ ရဲစခန်းကို မီးရှို့လိူက်ပြီးလို့ ကြားပေမယ့် တိတိကျကျ မပြောနိုင်သေးဘူး။ မနက် ၉ နာရီလောက်ကစပြီး လေယာဉ်ပျံသံကြားနေရတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

နံနက် ၁၀ နာရီကျော်အချိန်အထိ ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ ကြားနေရသေးကြောင်း မြို့ခံများထံမှ သိရသည်။

၎င်းပြင် ကော့ကရိတ်မြို့အဝင်ရှိ တံတားကျိုး အဖွဲ့စုံစစ်ဆေးရေးဂိတ်ရှိ ဝန်ထမ်းများ နံနက် ၉ နာရီအချိန်ခန့်က စစ်ဆေးရေးဂိတ်အား စွန့်ခွာသွားကြကြောင်း ဒေသခံများထံမှ သိရသည်။

“တံတားကျိုးစစ်ဆေးရေးဂိတ်မှာ ဘယ်သူမှ မရှိကြတော့ဘူး။ အဆောက်အအုံတွေနဲ့ သူတို့ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေပဲ ကျန်ခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ‌ကော့ကရိတ်နှင့် ကျုံဒိုးအနီးတဝိုက်တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း နှင့် အဆိုပါ တံတားကျိုး အဖွဲ့စုံစစ်ဆေးရေးဂိတ်အနီးတွင် ယာဉ်အစီးရေ ၂၀၀ ခန့် ပိတ်မိနေကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ကန်းညီနောင်ဘက်တွင် စစ်ကောင်စီတပ်၊ BGF ပူပေါင်းတပ်နှင့် KNLA, PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အာရှလမ်းမကြီးနှင့် အဆောက်အအုံများ မီးလောင်ပျက်ဆီးမှုများရှိခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts