spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းကရင်နီ ဒီမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိအပါ အများအပြားသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

    ကရင်နီ ဒီမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိအပါ အများအပြားသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

    -

    ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိများအပါအဝင် ၉၀ ကျော်သေဆုံးကာ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ်၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း ၃ ကြောင်း အင်အား ၃၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့အကြား နေ့စဥ် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီ စကခ ၂ လက်အောက်ခံ တပ်ရင်း ၃ ရင်းဖြစ်သည့် ခလရ (၁၂)၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ စတင် ထိုးစစ်ဆင် ဝင်ရောက်လာချိန်တွင် ကရင်နီတပ်မတော် KA၊ KNDF/B (10) ၊ KNDF/B (15)၊ ဘောလခဲ PDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ပြီး နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်ထန်ခဲ့သည်။

    ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် ၉၀ ဦးကျော်သေဆုံးပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ပါရှိသည်။

    ၎င်းပြင် MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက်၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ၊ မိုင်း၊ လက်ပစ်ဗုံး၊ ကွန်ပျူတာများ၊ ဖုန်းများ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရမိခဲ့သည်။

    တိုက်ပွဲအတွင် KNDF မှ ၂ ဦး၊ KA မှ ၂ ဦး၊ နေပြည်တော် PDF မှ ၁ ဦးတို့ သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု KNDF က ထုတ်ပြန်ထားသည်။

    တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အထိနာ၍ ဘောလခဲ၊ ဖရူဆိုအခြေစိုက်တပ်များဖက်မှ နေ့စဥ် လက်နက်ကြီးများ ပစ်ကူခဲ့သည့်အပြင် ဂျက်လေယာဥ်၊ ရဟတ်ယဥ်များဖြင့်လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်လျှက်ရှိသည်။

    စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ဒေါညင်းခူ၊ ဒေါဆိုဖျ၊ ဒေါတမကြီး ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးထိမှန်မှုနှင့် မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

    စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းသည် ဒေါညင်းခူ၊ ဒေါဆိုဖျ၊ ဒေါတမကြီး ကျေးရွာများအတွင်းတပ်စွဲထားကာ ကရင်နီပူးပေါင်းတပ်များနှင့် ဆက်၍ ထိတွေ့တိုက်ပွဲများ ပြင်ထန်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks