spot_img
Thursday, January 22, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရိက္ခာပို့လာသည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရိက္ခာပို့လာသည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန်နှင့် လူနာသယ်ရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KNLA တပ်ဖွဲ့ဝင်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် နဂါးနီစစ်ကြောင်း ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ 

    စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မတ်လ ၂၁ ရက်နေ့က တစ်ကြိမ်၊ မတ်လ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထုတ်ပြန်ထားသည်။

    တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၀ ဦးခန့် ကျဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဆိုထားသည်။

    ၎င်းပြင် M-A1 သုံးလက်၊ MA2 (စက်ကလေး) တစ်လက်တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု S.O.F က ထုတ်ပြန်ထားသည်။

    တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်၊ MI-35 ရဟတ်ယာဥ်ဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနီးနားရှိကျေးရွာမှ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရရှိမှုရှိခဲ့သည်ဟု ထုတ်ပြန်ပါရှိသည်။

    စစ်ကောင်စီတပ် ခမရ ၅၆၁ နှင့် ခမရ ၄၃၂ အင်အား ၈၀ ကျော်ပါသည့် စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီးတွင် ကျူးကျော်တပ်စွဲထားသည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်တို့က ၎င်းတို့တပ်စွဲထားသည့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျွဲ/နွားများသိမ်းဆည်းခြင်း၊ ရိက္ခာနှင့် ငွေကြေးများဝင်ရောက်သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်ဟုလည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts