spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဘီးလင်းတွင် အမျိုးသား ၂ ဦး သေဆုံး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ဒဏ်ရာရ

    စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဘီးလင်းတွင် အမျိုးသား ၂ ဦး သေဆုံး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ဒဏ်ရာရ

    -

    စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်အထက်စုကျေးရွာမှ အမျိုးသား ၂ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းရှိ စစ်ကောင်စီတပ် ရဲကုန်းလက်နက်ကြီးအထိုင်ထားသည့် နေရာနှင့် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အစပ်ရှိ သပြေနီသံတံတားဂိတ်စခန်းတို့မှ မတ်လ ၂၀ ရက် ည ၇ နာရီခွဲဝန်းကျင်အချိန်ခန့်က ကျေးရွာဘက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံတို့က ဆိုသည်။

    စစ်ကောင်စီတပ်စခန်းတို့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဘီးလင်းမြို့နယ်ဘက်ခြမ်း ကရဝေးဆိပ်အထက်စုကျေးရွာရှိ ဦးအောင်လွင်ဆိုသူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

    နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ရှိ အသက် ၅၀ နှစ်အရွယ် ဦးကုလားဆိုသူသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး ဦးအောင်လွင်နှင့် ၎င်း၏ဇနီးဖြစ်သူမှာ ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သည်။

    ကျည်စထိမှန်ဒဏ်ရာပြင်းထန်သည့် ဦးအောင်လွင်ကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှတဆင့် ရန်ကုန်သို့ လွှဲပြောင်းပို့ဆောင်စဥ် ကွာလီဂိတ်တွင် စောင့်ကြပ်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့တို့က ဂိတ်ကို ပေးမဖြတ်သည့်အတွက် ဦးအောင်လွင်သည် ယင်းနေရာတွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    ၎င်းက “ဦးအောင်လွင်ရဲ့ အမျိုးသမီးကတော့ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်။ သူ့ကိုလည်း ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်။ သူ့မှာက ကိုယ်ဝန်နေ့စေ့ လစေ့ရှိနေတယ်လို့လည်း သိရတယ်” ဟု ဆိုသည်။

    မတ်လ ၂၀ ရက်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းမှာတော့ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အစပ် သပြေနီသံတံတားဂိတ်စခန်းကို KNU နှင့် PDF ပူးပေါင်းတပ်တို့က လက်နက်ကြီး ဒရုန်းများဖြင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခဲ့ပြီးနောက် ညပိုင်းတွင် စစ်ကောင်စီတပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် မတ်လ ၁၉ ရက်က ဘီးလင်းမြို့နယ်၊ ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွှေရောင်ပြကျေးရွာအုပ်စု အဝင်းကြီးကျေးရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့သေးသည်။

    မတ်လ ၈ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ် ကျုံမိန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အရွယ်နှင့် ၁၂ နှစ်အရွယ်ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံးကာ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်  သထုံခရိုင်အတွင်းရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းတို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ မကြာခဏဖြစ်ပွားနေသည်။

    Previous article
    “ကျွန်တော်တို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကျော်လွှာနိုင်ဖို့အတွက် ဒီအခက်အခဲတွေက နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာခြင်းကသာလျင် ကျွန်တော်တို့ ပြည်ထောင်စုအတွက်ရော ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအတွက်ရော ထိခိုက်နစ်နာမှုအနည်းဆုံးလမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ ရွေးချယ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့လေ ကျွန်တော်တို့ကတော့ သက်ဆိုင်သမျှအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအခင်းအကျဥ်းပေါ်ပေါက်လာဖို့ ကျွန်တော်တို့က တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်မှုတွေရှိတယ်” ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့်
    Next article

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks