spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် ကျပ်သိန်း ၁၇၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

    မော်လမြိုင်တွင် ကျပ်သိန်း ၁၇၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ကျပ်သိန်း ၁၇၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

    မတ်လ ၁၉ ရက်နေ့ ၉ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် (၂၁) လမ်းတွင် အောင်ဖြိုးဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။

    ထိုသို့ စစ်ဆေးရှာဖွေရာ အောင်ဖြိုးဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆ သိန်းအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

    ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၀ နာရီခွဲအချိန်ခန့်တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက် တိုးချဲ့ (၈) လမ်းရှိ ကံသာဦးဆိုသူ နေထိုင်သည့် နေအိမ်ခြံ၀င်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၂၀၀ ပြား ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၈၆ သိန်းအား ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

    မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အောင်ဖြိုးဦး ၂၆ နှစ်နှင့် ကံသာဦး ၅၆ နှစ်တို့ကို မုပွန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကျန်ကွင်းဆက်များကိုလည်း ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks