spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမုတ္တမမြို့က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်

    မုတ္တမမြို့က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမမြို့က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး ယနေ့ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဆွဲကြိုးချသေဆုံးခဲ့သူမှာ မုတ္တမမြို့၊ မြင်းတပ်ရပ်ကွက်နေ အသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    “သေဆုံးသူက အိမ်မှာ တစ်ယောက်တည်းနေနေတဲ့သူပါ။ သူ့ရဲ့အဖေက မရှိတော့ဘူး။ ကွယ်လွန်သွားပြီး။ သူ့အမေကတော့ သီလရှင်ဝတ်ထားတယ်လို့ သိရတယ်။ ဒီနေ့မနက် (၈) နာရီလောက်မှာ သူ့အိမ်ပေါ်မှာ ဆွဲကြိုးချသေဆုံးနေတာတွေ့ကြလို့ သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့ကြတာပါ။ သူက စိတ်ကျန်းမာရေးသိပ်မကောင်းဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

    ဆွဲကြိုးချသေဆုံးခဲ့သူ၏ ရုပ်အလောင်းအား ရာမညအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်ဖြင့် မုတ္တမဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် ဒေါင်းမင်းရပ်နေ အသက် ၄၀ နှစ်အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

    မတ်လ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးလည်း ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့သည်။

    Previous article
    Next article
    “ကျွန်တော်တို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကျော်လွှာနိုင်ဖို့အတွက် ဒီအခက်အခဲတွေက နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာခြင်းကသာလျင် ကျွန်တော်တို့ ပြည်ထောင်စုအတွက်ရော ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအတွက်ရော ထိခိုက်နစ်နာမှုအနည်းဆုံးလမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ ရွေးချယ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့လေ ကျွန်တော်တို့ကတော့ သက်ဆိုင်သမျှအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအခင်းအကျဥ်းပေါ်ပေါက်လာဖို့ ကျွန်တော်တို့က တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်မှုတွေရှိတယ်” ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks