spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရေဖြူ လဝကရုံး မီးရှို့ဖျက်ဆီးခံရ

    ရေဖြူ လဝကရုံး မီးရှို့ဖျက်ဆီးခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး (လဝက) မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရေဖြူမြို့နယ်ရုံး အမည်မသိအဖွဲ့အစည်းတစ်ခုတို့မှ မတ် ၁၅ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

    “ ည ၇ နာရီကျော်၊ ၇ နာရီခွဲလောက်မှာ မီးခိုးလုံးတွေ စမြင်ရတာပါ။ မီးက အတော်များတယ်လို့ ပြောရတယ်။ ဘယ်သူက လာရှို့သွားလည်း မသိဘူး၊ တစ်ထပ်အဆောက်အဦပဲ ရုံးကလေ။ ကုန်တာပေါ့။ မနက်ကျတော့ တွေ့ရတာ။” ဟု ရေဖြူမြို့ခံတစ်ဦးက ပြောသည်။

    အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ နာရီဝက်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း RC တစ်ထပ်တိုက်အဆောက်အဦးတစ်လုံး မီးလောင်ပြာကျသွားခဲ့သည်ဟု ဆိုသည်။

    လဝကရုံးမီးလောင်မှု ဖြစ်ပွားသည့်အချိန်တွင် ရုံးဝန်ထမ်းများ မရှိနေသည့်အတွက် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘူးလို့လည်း ၎င်းမြို့ခံက ဆက်ပြောသည်။

    လဝကရုံး မီးလောင်မှုဖြစ်ပွားနေချိန်တွင် ရေဖြူမြို့ပေါ်၌ သေနတ်ပစ်ခတ်သံ၊ လက်နက်ကြီးပေါက်ကွဲသံများလည်းကြားခဲ့ရသည်ဟု မြို့ခံတို့က ပြောသည်။

    မီးလောင်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်တို့က ပြည်သူ ၄ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု တခြားဒေသခံတစ်ဦးက ပြောသည်။

    “ဒီမနက်က ထပ်ကြားတာက မီးလောင်နေတဲ့ အနားမှာပေါ့၊ လူငယ် ၄ ဦး ၅ ဦးလောက်က ဖမ်းဆီးခံရတယ်လို့ပြောတယ်၊ သူတို့က အပြင်ကနေ လာရင်းနဲ့ လမ်းသွားရင်း ဖမ်းခံရတာလို့ ကြားတယ်။ မင်္သာမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ပြောတယ်။” ဟု ၎င်းက ပြောသည်။

    ဖမ်းဆီးခံရသူများသည် မည်သူ မည်ဝါနှင့် မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးဘူးလို့လည်း ဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလတုန်းက ရေဖြူမြို့နယ် လ.ဝ.ကရုံးအနီးတွင် ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့သည့်အပြင် မြို့နယ်စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးကိုလည်း ဗုံးဖြင့် ဖောက်ခွဲခံရပြီး မီးလောင်ပျက်စီးသွားခဲ့သေးသည်ဟု ဒေသခံတို့က ပြောသည်။

    ရေဖြူမြို့နယ်တွင် စစ်ကောင်စီထောက်တိုင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရရှိသည့်အပြင် ဌာနဆိုင်ရာရုံးများ ဗုံးဖောက်ခွဲခံရသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks