spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်ပြီ

    မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်ပြီ

    -

    မွန်ညီညွတ်ရေးပါတီ (MUP) သည် စစ်ကောင်စီတို့ လုပ်ဆောင်မည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေး မှတ်ပုံတင် တင်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည် ထောင်လိုသော မွန်ညီညွတ်ရေးပါတီအပါအဝင် ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) တို့သည် ဥပဒေ၊ နည်းဥပဒေနှင့်အညီ နိုင်ငံရေးမှတ်ပုံတင် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း မတ်လ ၁၆ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ထားသည်။

    ဒါကြောင့် စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ် ပြဌာန်းခဲ့ပြီးနောက် မတ်လ ၁၅ ရက်အထိ တစ်လကျော်အတွင်း ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၂၆ ပါတီအထိ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စာရင်းအရ သိရသည်။

    မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၂၆ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၂၀ ပါတီ ရှိပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

    မွန်ညီညွတ်ရေးပါတီကို ယခင် မွန်အမျိုးသားပါတီ (MNP)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)၊ မွန်ကိုယ်စားပြုပါတီတည်ထောင်လိုသူများအဖွဲ့နှင့် အရပ်ဖက်မွန်လူထုအခြေပြုအဖွဲ့ အစည်းများဖြင့် ပေါင်းစည်း၍ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

    မွန်ညီညွတ်ရေးပါတီသည် စစ်အာဏာသိမ်းမှု မဖြစ်ခင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် (၁၂) ဦး အနိုင်ရရှိထားခဲ့သည့် ပါတီဖြစ်သည်။

    စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မွန်ညီညွတ်ရေးပါတီအနေဖြင့် လက်ရှိစစ်ကောင်စီအကြံပေးအဖွဲ့ဝင် (၁) နေရာနှင့် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) နေရာတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks