Homeသတင်းရေးမြို့နယ်တွင် ကားတစ်စီးပစ်ခတ်ခံရ ယာဉ်မောင်းသေဆုံး၊ ၂ ဦးပြင်းထန်ဒဏ်ရာရ

ရေးမြို့နယ်တွင် ကားတစ်စီးပစ်ခတ်ခံရ ယာဉ်မောင်းသေဆုံး၊ ၂ ဦးပြင်းထန်ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးတွင် မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံးကာ ယာဉ်ပေါ်ပါ အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ သာယာကုန်းရပ်ကွက်နေ ဦးလွင်မိုးအေး ၃၄ နှစ် မောင်းနှင်ပြီး၊ ၎င်း၏ ညီမဖြစ်သူ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၈ နှစ်အရွယ်ကလေးတို့ လိုက်ပါလာသည့်ကားသည် ကျောင်းရွာကျေးရွာအနောက်ဘက်အရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလွင်မိုးအေးသည် ရင်ညွန့်၊ ယာနားထင်၊ ယာခြေသလုံး၊ ဝဲပခုံးတို့တွင် ရရှိသည့်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။

“ဦးလွင်မိုးအေးရဲ့ ဇနီးနဲ့ သားကတော့ လည်ပင်မှာ ကျည်ရှပ်မှန်တဲ့ဒဏ်ရာ တစ်ချက်စီရရှိခဲ့တယ်။ သူတို့ကိုတော့ ရေးမြို့ဆေးရုံကို ပို့ဆောင်ပေးလိုက်တယ်လို့ သိရတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကားပစ်ခတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည့်ကို မသိရသေးကြောင်းလည်း ဒေသခံတို့က ပြောသည်။  

ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြာ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် အရပ်သား ပစ်သတ်ခံရသည့်ဖြစ်စဥ်များလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts