Thursday, March 19, 2026
More
    spot_img
    Homeသတင်းသိမ်ဇရပ် ဝါးဒက်ကွင်းရွာတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    သိမ်ဇရပ် ဝါးဒက်ကွင်းရွာတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာရှိ ရော်ဘာခြံတစ်ခြံတွင် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသူသည် ဒေါ်ခင်မြဝင်း (ခ) ဒေါ်မြဝင်း ဆိုသူဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ရော်ဘာခြံအတွင်းရှိ နေအိမ်တွင် တည်ရှိနေစဉ် ဆိုင်ကယ် ၃ စီးဖြင့် လူ ၆ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်ခင်မြဝင်းသည် ရရှိသည့်သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ဒေါ်ခင်မြဝင်းက ခြံထဲမှာ တစ်ယောက်တည်းရှိတဲ့အချိန်မှာ သေနတ်နဲ့ လာပစ်သွားတာလို့ သိရတယ်။ သူ့ရဲ့ရုပ်အလောင်းကိုတော့ သိမ်ဇရပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်လိုက်တယ်” ဟု ၎င်းက ပြောသည်။

    ဒေါ်ခင်မြဝင်း (ခ) ဒေါ်မြဝင်း ခင်ပွန်းဖြစ်သူသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့်အပြင် သားဖြစ်သူမှလည်း သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) မှ စစ်ဗိုလ်တစ်ဦးဖြစ်သည်ဟု သိရကြောင်း အထက်ပါ ဒေသခံက ဆိုသော်လည်း လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ဒေါ်ခင်မြဝင်း (ခ) ဒေါ်မြဝင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး Local PDF Theinzayat က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

    ဒေါ်ခင်မြဝင်း (ခ) ဒေါ်မြဝင်းကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်း ၎င်းဒေသခံက ဆိုသည်။

    ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ ညနေကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ ရော်ဘာခြံတစ်ခုအတွင်း ခြံပိုင်ရှင် ဦးစိုးသန်းနှင့် ခြံလုပ်သား မောင်စိုးလင်းဦးတို့နှစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသည့် အမည်မသိလူ ၄ ဦးတို့က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သွားခဲ့ခြင်းကြောင့် နှစ်ဦးစလုံးပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks