spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမြိတ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလျှင် ဆိုင်ကယ်သိမ်းခံရ

    မြိတ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလျှင် ဆိုင်ကယ်သိမ်းခံရ

    -

    တနင်္သာရီတိုင်းဒေသပြီး မြိတ်မြို့နယ်အတွင်း အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနင်းပါက ဆိုင်ကယ်ကို ၁၅ ရက်ကြာ သိမ်းဆည်းခံရသည်ဟု ဆိုင်ကယ်သိမ်းဆည်းခံရသူတို့ထံမှ သိရသည်။

    ယခုရက်ပိုင်း စစ်ကောင်စီက မြိတ်မြို့အတွင်း ဆိုင်ကယ်စစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး အမျိုးသားနှစ်ဦးအတူစီးနင်းသည့် ဆိုင်ကယ်များကို စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့တို့က အိမ်စီးမော်တော်ယာဉ်များဖြင့် လိုက်လံဖမ်းဆီးနေသည်ဟု ဒေသခံများက ဆိုသည်။

    မြိတ်မြို့တွင် အမျိုးသားနှစ်‌ဦး အတူစီးသည် မော်တော်ဆိုင်ကယ်များကို ပြီးခဲ့သည့် ဇန်နဝါရီလက ဆက်တိုက်ဖမ်းဆီးခဲ့သော်လည်း ဖေဖော်ဝါရီလတွင် ဖမ်းဆီးမှုမရှိတော့ဘဲ ယခု မတ်လတွင် ပြန်လည် ဖမ်းဆီးနေခြင်းဖြစ်သည်။

    “ဆိုင်ကယ်လိုင်စင်ရော လူလိုင်စင်ရောရှိပါတယ်၊ သူတို့က ယောကျ်ားလေး ၂ ယောက်စီးတယ်ဆိုပြီး ဖမ်းတာ၊ ကျနော်တို့က လူငယ်တွေဆိုတော့ ပိုဆိုးတယ်၊ မင်းတို့က ပီဒီအက်တွေလားဆိုပြီး စစ်ဆေးတာတွေလုပ်တယ်၊ အဖမ်းခံရတာ ၄ ရက်လောက်တော့ရှိပြီ၊ ပြန်ယူဖို့ ရက်ချိန်းပြန်ပေးလိုက်တယ်။ နောက်ထပ် ဆယ့်ငါးရက်ဆို လာယူတဲ့ အဲ့လိုတော့ပြောတာဘဲ” ဟု ဆိုင်ကယ် သိမ်းဆည်းဆီးခံရသည့် အမျိုးသားတစ်ဦးက ပြောသည်။

    ယခင်က ဆိုင်ကယ်သိမ်းဆည်းခံရလျှင် ငွေပေးပြီး ပြန်ထုတ်လို့ရသော်လည်း ယခုမူ ဖမ်းဆီးပြီး ၁၅ ရက်ကြာမှ ပြန်ထုတ်ပေးမည်ဟု ဆိုသည်၊၊

    မည်သည့်အကြောင်းအရင်းကြောင့် ၁၅ ရက်ကြာ သိမ်းဆည်းထားသည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

    စစ်ကောင်စီက ဆိုင်ကယ်ဖမ်းဆီးရာတွင် မော်တော်ယာဉ်ဖြင့် တိုက်ကာ ဖမ်းဆီးမှုများလည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလက ဆိုင်ကယ်ဖမ်းဆီးခံရပါက ဆိုင်ကယ်တစ်စီးလျှင် အနည်းဆုံး ငါးသောင်းကျပ်မှ တစ်သိန်းကျပ်အထိ ဒဏ်ကြေးပေးမှသာ ပြန်လည်ထုတ်ပေးခဲ့ကြောင်း ဆိုင်ကယ်ဖမ်းဆီးခံခဲ့ရသည့် မြို့ခံအချို့က ပြောသည်။

    ၎င်းပြင် မြိတ်တွင် မော်တော်ဆိုင်ကယ်အား အမျိုးသားနှစ်ဦးအတူစီးပါက ပစ်ခတ်ဖမ်းဆီးမည်ဟု ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုတင်ဘာလကတည်းက စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီက အမျိုးသားနှစ်ဦးအတူစီးသည့် ဆိုင်ကယ်တို့အား ကားဖြင့်တိုက်ဖမ်းခြင်း၊ သေနတ် ပစ်ဖောက်ပြီး ဖမ်းဆီးခြင်းတို့ မကြာခဏ ပြုလုပ်‌နေကြောင်းလည်း မြို့ခံတချို့က ဆိုသည်။

    “သူတို့ကို ဆိုင်ကယ်တွေနဲ့ လာပစ်သွားတာတွေ ရှိတော့ ကြောက်ရမ်းရမ်းတာဖြစ်မယ်။ ပြီးခဲ့တဲ့လကလည်း ဆိုင်ကယ်နဲ့ သူတို့ စစ်ဆေးရေးဂိတ်ကို ပစ်သွားတယ်လို့ကြားတယ်၊ ဒါကြောင့် ပြန်ဖမ်းတာတွေလုပ်နေတာ”ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အမျိုးသား ၂ ဦးဆိုင်ကယ်စီးခြင်းကို အပြင်းအထန် တားမြစ်ခဲ့ပြီး အမျိုးသား ၂ ဦးစီးနင်းလာသည့်ဆိုင်ကယ်များကို ပစ်ခတ်ဖမ်းဆီးခြင်း၊ ကားဖြင့်တိုက်ပြီး ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်းကြောင့် အမျိုးသား ၂ ဦး အတူဆိုင်ကယ်မစီးရဲကြတော့ဘူးဟု ဒေသခံတို့ထံမှ သိရသည်၊၊

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks