Saturday, March 14, 2026
More
    spot_img
    Homeသတင်းဖမ်းဆီးခံရသည့် မော့ကနင်ကျေးရွာက လုပ်ငန်းရှင် ပြန်မလွတ်သေး

    ဖမ်းဆီးခံရသည့် မော့ကနင်ကျေးရွာက လုပ်ငန်းရှင် ပြန်မလွတ်သေး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်းကျေးရွာက စီးပွားရေးလုပ်ငန်းရှင် နိုင်တင့်ဝေသည် ၁၅ ရက်ကျော်ကြာလာအထိ ပြန်လွတ်လာခြင်းမရှိသေးဘူးလို့ နီးစပ်သူတို့ထံမှ သိရသည်။

    စီးပွားရေးလုပ်ငန်းရှင် နိုင်တင့်ဝေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က စစ်ကောင်စီ အမှတ် ၁၀၆ တပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လွတ်လာခြင်းမရှိသလို မိသားစုဝင်နှင့်လည်း အဆက်သွယ်မရဘူးလို့ နိုင်တင့်ဝေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ဘာသတင်းမကြားရဘူး၊ တွေ့လဲမတွေ့ဘူး၊ အစက သူတို့ပြောတာက စကားနည်းနည်းပြောမလို့ အိမ်ဘက်လာနေတဲ့အချိန်မှာပဲ လမ်းမှာ တွေ့ပြီး ခေါ်ဆောင်သွားတယ် အဲနေ့ကစပြီး ဘာအဆက်သွယ်မရကြပါဘူးလို့” ဟု ၎င်းက ပြောသည်။

    အလားတူ ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်းမှာပင် မော့ကနင်ကျေးရွာက သာမာန်ပြည်သူ ၃ ဦးကိုလည်း စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သေးသည်။

    ဖမ်းဆီးခံရသူများနက် တစ်ဦးကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “ဟိုရောက်တော့ သူတို့ စစ်ဆေးမေးမြန်တယ်။ ပြင်ပအဖွဲ့စည်းနဲ့ ဘယ်လိုပတ်သက်မှုရှိလဲပေါ့ ခြံမြက်ခုတ်သမားဆိုတော့ ဘာမသိဘူးလို့ ပြန်ပြောလိုက်တယ်။ ၁၃ ရက် ဖမ်းခံရပြီး အခုတော့ ပြန်လွတ်လာတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာမှ နိုင်ဗင်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့တို့က ရော်ဘာခြံတွင် ပစ်သတ်ခဲ့သေးသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်တို့က အရပ်သားပြည်သူများကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသတ်ဖြတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ ကျူးလွန်နေပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ နောက်ပိုင်း အခြေအနေပိုမိုစိုးရွားလာသည်ဟု ဒေသခံတို့က ပြောသည်။

    Photo : နိုင်တင့်ဝေ ပိုင်ဆိုင်သည့် စက်ဆီရောင်းဆိုင်တဆိုင်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks