Friday, March 13, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် မီးလောင်မှုကြောင့် ကလေးတစ်ဦးနှင့် လေဖြတ်ထားသူတစ်ဦးသေဆုံး

    မော်လမြိုင်မြို့တွင် မီးလောင်မှုကြောင့် ကလေးတစ်ဦးနှင့် လေဖြတ်ထားသူတစ်ဦးသေဆုံး

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အေးသာယာဈေးအနောက်လမ်းတွင် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ကလေးတစ်ဦးနှင့် လေဖြတ်ထားသူတစ်ဦးသေဆုံးကာ နေအိမ် ၄ လုံး လောင်ကျွမ်းသွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    လျှပ်စစ်ပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ကနဦး သိရကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။

    မီးလောင်မှုကြောင့် အသက် ၄ နှစ်ခွဲကလေးတစ်ဦးနှင့် အသက် ၈၀ လေဖြတ်ထားသည့် အဘိုးအိုတစ်ဦး သေဆုံးသွားခဲ့ပြီး၊ ပျဉ်ခင်း၊ ပျဉ်ထောင်သွပ်မိုး တစ်ထပ်နေ‌အိမ် ၄ လုံး ပျက်ဆီးဆုံးရှုံးသွားခဲ့ကြောင်း မော်လမြိုင်မြို့အခြေစိုက် လူမှုကူညီ‌ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “မီးလောင်မှုစတင်ဖြစ်ပွားခဲ့တယ်ဆိုတဲ့ နေအိမ်ရဲ့ဘေးအိမ်က အသက် (၈၀) နှစ်ခန့် ရှိတဲ့ လေဖြတ်ထားတဲ့ အမျိုးသားတစ်ဦး နဲ့ (၄) နှစ်ခွဲ အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။ သူတို့နှစ်ဦးက အိမ်ရဲ့ထွက်ပေါက်လှေကားအနီးမှာ သေဆုံးခဲ့ကြတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါ မီးလောင်မှုကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မော်လမြိုင်မြို့ အခြေစိုက် ‌ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွှဲ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

    မီးလောင်မှုကြောင့် သေဆုံးသွားခဲ့ကြသူများကို လူမှုကူညီရေးအသင်းတို့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks