spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့ စစ်ကောင်စီတပ်ရင်းရှေ့ဗုံးပေါက် အမျိုးသမီးတစ်ဦးသေဆုံး

    ဘုရားသုံးဆူမြို့ စစ်ကောင်စီတပ်ရင်းရှေ့ဗုံးပေါက် အမျိုးသမီးတစ်ဦးသေဆုံး

    -

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ စစ်ကောင်စီတပ်ရင်းရှေ့ (တပ်ကုန်းရှေ့) တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လည်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ယမန်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်ခန့်က ဘုရားသုံးဆူမြို့ ဘုရင့်နောင်လမ်း စစ်ကောင်စီတပ်ရင်း (၃၂) အဝင်လမ်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး သုံးဘီးဆိုင်ကယ်စီးနင်းလာသည့် လင်မယားနှစ်ဦး ထိသွားခဲ့သည်ဟု သိရသည်။

    ဗုံးပေါက်ကွဲမှုကြောင့် သုံးဘီးဆိုင်ကယ်စီးနင်းလာသည့် အသက် ၃၀ ဝန်းကျင်ရှိ လင်းမယားနှစ်ဦးအနက် မိန်းမဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားပြီး ယောင်္ကျာဖြစ်သူမှာ ပြင်းထန်ဒဏ်ရာရရှိကာ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    “မနေ့က နေ့လည် ၂ နာရီ ၄၅ မိနစ်လောက်မှာ ဘုရင့်နောင်လမ်းမကြီး တပ်ကုန်းရှေ့ (စစ်ကောင်စီတပ်ရင်း (၃၂)  ရှေ့) မှာ လမ်းတားထားတာရှိတယ်။ တိုင်ကီတို့ ဘာတို့လည်း ထားထားတာရှိတယ်၊၊ ကားနှစ်စီးသွားလို့မရဘူး၊ အဲနေရာမှာ လင်မယားနှစ်ယောက်က သုံးဘီးဆိုင်ကယ်နဲ့ ယောင်္ကျားဖြစ်သူက ဖိနပ်စက်ရုံမှာလုပ်နေတဲ့ မိန်းမကို သွားကြိုပြီးအပြန် အဲနေရာရောက်တော့ ဗုံးပေါက်ပြီး ထိသွားတယ်၊ မိန်းမဖြစ်သူက အဲနေရာမှာပဲ ဆုံးသွားတယ် ယောင်္ကျားဖြစ်သူက ဒဏ်ရာပြင်းမယ်ထင်တယ် ချက်ချင်းပဲ မော်လမြိုင်ဆေးရုံကို တင်ပို့လိုက်တယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ယခု ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်လမ်းနေရာသည် စစ်ကောင်စီတို့က အတားအဆီးများဖြင့် တားဆီးထားသည့် စစ်ကောင်စီတပ်ရင်းအဝင်လမ်းဝနေရာြဖစ်သည့်အတွက် ဗုံးပေါက်ကွဲမှုဖြစ်စဥ်သည် စစ်ကောင်စီထောင်ထားသည့်ဗုံးသာဖြစ်နိုင်သည်ဟု  လမ်းအတားအဆီးများ မြိုခံတို့က ခန့်မှန်းပြောဆိုကြသည်။

    “၆ နာရီထိုးပြီးရင် အဲဒီအတားအဆီးလုပ်ထားတဲ့နေရာမှာ ဘယ်သူမှ သွားလာလို့မရတော့ဘူလေ ဆိုတော့ တခြားသူတွေ ဗုံးလာထောင်ထားဖို့က မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တာက စစ်တပ်က ထောင်ထားတာပဲ ဖြစ်နိုင်တယ်” ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။

    ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသည် အများပြည်သူများ သွားလာနေရသည့်အဓိက လမ်းမကြီးနေရာဖြစ်နေသည့်အတွက် မြို့ခံတို့အကြား စိုးရိမ်ထိန့်လန့်မှုတွေ ဖြစ်ပွားနေသည်။

    “အများပြည်သူ သွားလာနေရတဲ့လမ်းမှာ အခုလို ဗုံးထောင်ထားတာကတော့ မဖြစ်သင့်ဘူးလေ၊ အခုတော့ ပြည်သူပဲ ထိတယ်၊ ပြည်သူတွေအတွက် အန္တရာယ်များတယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဥ်လိုလို ဗုံးပေါက်ကွဲမှုတွေ သေနတ်ပစ်ခတ်ဖောက်ခွဲမှုတွေ ကြားနေရသည်ဟုလည်း မြို့ခံတို့က ပြောသည်။

    ပြီးခဲသည့် ဇန်နဝါရီ ၂၃ ရက်နေ့ ညက ဘုရားသုံးဆူမြို့ရှိ လဝကရုံး၊ ထွေ/အုပ်ရုံးနှင့် သစ်တောရုံးတို့ကို ကရင်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဝင်ရောက် မီးရှို့ခဲ့သည်။

    ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန်ထားပြီးနောက် ညမထွက်ရအမိန့်ကိုပါ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks