spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းရာမညနိကာယပရိယတ္တိစာဖြေသည့် သံဃာတော်၊ သီလရှင်အပါး ၂၅၀၀ ကျော်ရှိ

    ရာမညနိကာယပရိယတ္တိစာဖြေသည့် သံဃာတော်၊ သီလရှင်အပါး ၂၅၀၀ ကျော်ရှိ

    -

    ရာမညဓမ္မစရိယအသင်းမှ ဦးစီးကျင်းပသည့် ၄၁ ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရိယတ္တိစာဖြေဆိုပွဲကို သံဃာတော်၊ သီလရှင်အပါး ၂၅၀၀ ကျော် တက်ရောက်ဖြေဆိုခဲ့သည်ဟု သိရသည်။

    မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရိယတ္တိစာဖြေဆိုပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ ၂၅၀၀ ကျောင်းတွင် ကျင်းပခဲ့သည်။

    စာဖြေဆိုပွဲသို့ မြို့နယ်အသီးသီးမှ သံဃာတော်များ၊ သီလရှင်များအပြင် လူဝတ်ဖြင့် လာရောက်ဖြေဆိုသူများလည်း ရှိသည်ဟု ရာမညဓမ္မစရိယအတွင်းရေးမှူး ဆရာတော်ကေသရက မိန့်ကြားသည်။

    “ဒီနှစ်ကတော့ ရန်ကုန်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ရေး၊ ကျိုက်မရော၊ ဘားအံ၊ ကော့ကရိတ်နဲ့ ဘုရားသုံးဆူ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးကလည်း မွန်ဘာသာနဲ့ဆို ဒီမှာ ပဲလာရောက်ဖြေဆိုကြတယ်၊ ဒီနှစ်မှာက ထူးထူးခြားခြား လူဝတ်နဲ့လည်း လာရောက်ဖြေဆိုသူ ၅ ဦးပါလာတယ်” ဟု ဆရာတော်ကေသရက မိန့်သည်။

    ပါဠိပါရဂူတန်းကို ဝင်ရောက်ဖြေဆိုသည့် သံဃာတော် (၈) ပါး၊ သီရိပါရဝ (ဂုဏ်ထူး)တန်း သံဃာ ၁၅ ပါးသီလရှင် ၁ ပါး၊ ဓမ္မာစရိယအတန်း သံဃာ ၃၀၇ ပါး သီလရှင် ၃၁ ပါး၊ အကြီးတန်း သံဃာ ၂၃၀ ပါး၊ သီလရှင် ၈ ပါး၊ အလယ်တန်း သံဃာ ၂၄၆ ပါး သီလရှင် ၃၁ ပါး၊ အငယ်တန်း သံဃာ ၄၉၆ ပါး သီလရှင် ၃၈ ပါးနှင့် မူလတန်းသံဃာ ၁၀၁၇ ပါး၊ သီလရှင် ၇၇ ပါး အပါအဝင် လူဝတ်ဖြင့် ဖြေဆိုသူ ၅ ဦး ရှိသည်။

    ပါဝင်ဖြေဆိုထားသည့် သံဃာတော်များ ဆုတံဆိပ်ရ သည့်သံဃာတော်များကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆုတံဆိပ်ချီးမြှင့်သွားမည်ဟုလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks