Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်တပ်က ပြည်သူကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော် ပြုလုပ်ခဲ့ဟု KNU ထုတ်ပြန်

    စစ်တပ်က ပြည်သူကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော် ပြုလုပ်ခဲ့ဟု KNU ထုတ်ပြန်

    -

    အာဏာသိမ်းပြီးနောက် ရက်ပေါင်း  (၇၅၁) ရက်အတွင်း စစ်ကောင်စီတပ်တို့မှ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ခရိုင် (၇) ခရိုင်အတွင်း နေထိုင်သော အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုပေါင်း (၃၀၇) ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ထိုလေကြောင်းတိုက်ခိုက်မှု (၃၀၇) ကြိမ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ (၃၆) ဦး သေဆုံးပြီး (၅၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ပါရှိသည်။

    ၎င်းပြင် နေအိမ် (၂၅၈) လုံး၊ စာသင်ကျောင်း (၁၂) ကျောင်း၊ ဆေးရုံ (၆) လုံး၊ ပြည်သူပိုင်အဆောက် အဦး (၃၅) လုံး၊ ဘုန်းကြီးကျောင်း (၄) ကျောင်း၊ သီလရှင်ကျောင်း (၁) ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း (၈) ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

    အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများသာဖြစ်ပြီး တပ်ပိုင်းဆိုင်ရာသို့ လာရောက် တိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများ မပါသေးဘူးလို့လည်း KNU က ထုတ်ပြန်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks